knowledge

သူမစိတ်ပါလာအောင် ဘယ်လိုပြုစုမလဲ

မိန်းမတစ်ယောက်ဟာလဲ အိပ်ရာထဲမှာ အရမ်းစိတ်ကြွတတ်ပါတယ်။ ဒါပေမယ့် သူမအရမ်း ကောင်းကောင်းခံစားနေရမှပါ။ သင်သာ သူမကို အတတ်နိုင်ဆုံး စိတ်ကြွအောင် လုပ်ပေးခဲ့နိုင်ရင်တော့ သင်တို့ ပြန်ရမဲ့ Sex ကိစ္စဟာ အံ့ဩလောက်အောင် Hot နေမှာပါ။ ကျွန်တော်တို့ ပုရိသတွေကတော့ စိတ်ထလွယ်ပေမယ့် အမျိုးသမီးတွေကတော့ ကွဲပြားခြားနားပြီး ပိုခက်ခဲတဲ့လှုံ့ဆော်မှုမျိုး လိုပါတယ်။
အောက်ဖော်ပြပါ နည်းစနစ်တွေနဲ့ ကြိုးစားကြည့်ပါ

၁. ဖြည်းဖြည်း လုပ်ပါ

ချက်ခြင်းကြီး အဓိကကို တန်းမသွားပါနဲ့။ သူမကို အရင် ပြုစုပေးပါ။ သင် အဓိကကို သွားချင်နေပြီဆိုတာ သိပါတယ်။ ဒါပေမယ့် သင် သူမရဲ့ စိတ်ကို ဖွင့်လှစ်နိုင်ဖို့ ဖြည်းဖြည်းမှန်မှန် နိဒါန်းပျိူးပေးရမှာပါ။ သူမရဲ့ လက်မောင်း၊ လည်ပင်း၊ ဝမ်းဗိုက်၊ ဆံပင်၊ မျက်နှာလေးတွေကို ထိတို့ပေးချင်းဖြင့် စတင်ပါ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပါ။ သူမ စောင့်နေရတာ စိတ်ကြွလွန်းလို့ အချိန်ရောက်တာနဲ့ သင့်ပေါ် ခုန်တက်လာပါလိမ့်မယ်။

၂. အမြည်းပေးပါ

သူမကို သင် နောက်ကျရင် ဘာတွေလုပ်မှာလဲဆိုတာကို အမြည်းလေးတွေ ပေးပါ။ ဘယ်ချိန် ရပ်ရမလဲဆိုတာတော့ သိမယ်ထင်ပါတယ်။ သူမရဲ့ ပန်းဖူးလေးကို တို့ထိရုံလေးပဲ ကစားပါ။ တခြားဘာမှ မလုပ်ပါနဲ့။ သူမက သင့်ကို ရှေ့ဆက်တိုးဖို့ အမူအရာတွေ ပေးပါလိမ့်မယ်။ ဒါပေမယ့် မတိုးပါနဲ့။ သူမ ကြာကြာစောင့်ရလေ၊ စိတ်ကြွလေပါ။ အကြာကြီးလဲ စောင့်ခိုင်းမထားပါနဲ့ဦး။

၃. နမ်းတတ်ပါစေ

သင့်အနမ်းက နူးညံ့လေလေ ရိုမန်တစ် ပိုဆန်လေလေပါ။ အဲဒါဟာ သူမကို စိတ်ပါလာအောင် နွှေးပေးပါလိမ့်မယ်။ ပြီးတော့ သူမ သင့်ကို ပိုချစ်သွားပါလိမ့်မယ်။ သင်က သူမကို တန်ဖိုးထားတာလဲ သိသွားပါလိမ့်မယ်။ သင့်ကိုလဲ တန်ဖိုးထားပါလိမ့်မယ်။

၄. ချီပိုးပါ

သူမကို နံရံနဲ့ကပ်ထားပြီး သူမတင်ပါးလေးတွေကနေ မရင်း သူမခြေထောက်တွေကို သင့်ခါးကို ဖက်ထားခိုင်းပါ။ သူမနဲ့ ဆက်ဆံရင်း ခဏရပ်၊ သူမမျက်လုံးတွေထဲ စိုက်ကြည့်လိုက်ပါ။ ပြီးတော့ ဆက်ပြီး ဆက်ဆံပါ။

၅. စိတ်ကြွစရာ ပြောပြပါ

သင့်ချစ်သူလေးက စိတ်ကြွစရာတွေ ကြားရတာ ကြိုက်ပါတယ်။ နှုတ်ယဉ်ကျေးမှုဆိုတာ အိပ်ခန်းထဲမှာ အကျုံးမဝင်ပါဘူး။ ဆဲဆိုတော့ မနေပါနဲ့။ သင် သူမကို နည်းနည်း ညစ်တီးညစ်ပါတ်ဆန်တာတွေ မေးလို့ရပါတယ်။ ဥပမာ– ဘယ်လို ခံစားရလဲ၊ လိုချင်သေးလား ဆိုတာတွေပါ။ သင် သူမကို ဘာလုပ်မယ်ဆိုတာလဲ နားနားကပ်ပြီး သေချာ သရုပ်ပေါ်အောင် ပြောပြပါ။ ဒါပေမယ့် သင်တို့နှစ်ယောက်လုံး လိင်ကိစ္စမှာ အကျွမ်းဝင်ပြီး သူမလဲ လိုချင်မှ အဲလိုတွေပြောပါ။ ရှက်ကြောက်နေတဲ့သူကို သွားပြောရင်တော့ သူမ ငိုသွားပါလိမ့်မယ်။

၆. မှန်းဆရ ခက်နေပါစေ

သူမ မှန်းရခက်အောင် လုပ်ပြီး သူမကို Surprise လုပ်ပါ။ သင် လုပ်မယ် လှုပ်ရှားမှုတိုင်းကို သူမ ခန့်မှန်းနေရပါစေ။ ခု လှုပ်ရှားမှုမှာ နူးညံ့ရင် နောက်တစ်ခုကို မှန်းဆမရအောင် လုပ်ပါ။ သူမကို ကုတင်ပေါ်ပစ်လှဲပါ။ သူမအပေါ်အင်္ကျီ ချွတ်လိုက်ပါ။ သူမ လည်တိုင်နဲ့ ရင်သားလေးကို နမ်းပါ။ သင်ဘာလုပ်မယ်ဆိုတာ မှန်းနေရတာ သူမကြိုက်ပါတယ်။
သင် ဒီအခြေခံလေးတွေကို သိရင်တော့ သူမ ပြီးဆုံးဖို့ တစ်ဝက်လောက်ပဲ လိုတဲ့ အခြေအနေကို ရောက်ပြီး သင့်ကို ဆက်လုပ်ဖို့ တောင်းပန်နေလောက်ပါပြီ။

Credit to Gentleman Magazine