knowledge

အမျိုးသားများ ကျန်းမာရေး

အရေးမကြီးတဲ့ အချက်အသေးအမွှားလေးတွေက ကိစ္စအကြီးကြီးတွေရဲ့ အကြောင်းရင်းဖြစ်လာတတ်ပါတယ်။ အဲ့ဒီတော့ ကိစ္စသေးသေးလေးတွေကို သတိထားပြီး ပြုလုပ်ခြင်းက လုပ်ငန်းအကြီးစားတွေရဲ့ အောင်မြင်ခြင်းအကြောင်းအရာတစ်ခုဖြစ်လာပါတယ်။ အဲ့ဒီလိုပါပဲ အမျိုးသားတစ်ဦးရဲ့ အရေးအကြီးဆုံး။ အမျိုးသားဘဝရဲ့ သက်သေတစ်ခုဖြစ်တဲ့ လိင်တံကို ထိခိုက်စေမယ့် ကိစ္စအသေးအမွှားလေးတွေကို ကျွန်တော်တို့သတိမမူမိကျပါဘူး။ အဲ့ဒီ့အချက်အသေးအမွှားလေးတွေကို သတိမမူမိရင် အိမ်ထောင်ရေးကိစ္စကို အကြီးအကျယ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီတော့ အဲ့အကျင့်လေးတွေကို သတိထားပြီးပြုပြင်သင့်ပါတယ်။ ၁။လေ့ကျင့်ခန်းအလုပ်နည်းခြင်း Cedars-Sinaiဆေးဝါးသုတေသနဌာနရဲ့လေ့လာတွေ့ရှိချက်အရ လေ့ကျင့်ခန်းလုပ်တဲ့အမျိုးသားတွေက ပန်းသေပန်းညှိုးရောဂါအဖြစ်နည်းပြီး လိင်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းတွေ ပိုမိုမြင့်မားပါတယ်။အမျိုးသားအယောက်၃၀၀ကို လေ့ကျင့်ခန်းလုပ်တဲ့သူနဲ့ မလုပ်တဲ့သူတွေကို အုပ်စုခွဲပြီး ရလဒ်ကို စာရင်းကောက်ယူပါတယ်။လမ်းလျှောက်ခြင်း ခပ်နှေးနှေးပြေးခြင်းတို့လို ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့သူတွေက မလုပ်တဲ့သူတွေထက် လိင်ပိုင်းဆိုင်ရာစွမ်းရည် မြင့်မားကြောင်းတွေ့ရှိရပါတယ်။ ၂။ဆေးလိပ်အသောက်များခြင်း Sheffieldတက္ကသိုလ်ရဲ့ ၂၀၁၄တုန်းက အမျိုးသား ၁၉၇၀ ရဲ့သုတ်ရည်တွေကိုလေ့လာချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ၄ ရာခိုင်နှုန်းထက်နည်းသော ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲသူအမျိုးသားတွေရဲ့ သုတ်ရည်ကသာ မျိုးအောင်နိုင်စွမ်းရှိပြီး ကျန် ၉၆ ရာခိုင်နှုန်းသော ဆေးလိပ်သောက်သူတွေမှာ အဲ့ဒီအရည်အချင်းလျော့နည်းလွန်းနေပါတယ်။ ၃။ လူပျိုဘဝ မကုန်ဆုံးသေးခြင်း အမေရိကန်ဆေးပညာဂျာနယ်ရဲ့ ၂၀၀၈ခုနှစ်တုန်းက လေ့လာမှုတစ်ခုမှာ ကိုယ့်အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတဲ့အကြိမ်ရေများတဲ့သူတွေဟာ မဆက်ဆံတဲ့သူတွေထက် ပန်းသေပန်းညှိုးဖြစ်နိုင်စွမ်းနည်းပါတယ်။လူအယောက်၁၀၀၀ကို စမ်းသပ်ကြည့်ခဲ့တဲ့ရလဒ်အရ တစ်ပတ်ကို သုံးကြိမ်လောက် ဆက်ဆံလေ့ရှိတဲ့သူတွေထဲမှာ ၁၆ယောက်သာလျှင် ပန်းသေပန်းညှိုးဖြစ်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ ၄။အိပ်ချိန်နည်းခြင်း မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ အိပ်ရေးမဝတဲ့သူတွေဟာ နောက်နေ့တွေမှာ လိင်စိတ်နည်းပြီး မျိုးအောင်နိုင်စွမ်းလျော့ကျသွားတတ်ပါတယ်။အာရုံစူးစိုက်နိုင်စွမ်းကျဆင်းခြင်း ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အရိုးနဲ့ကြွက်သားတွေ ပျော့တွဲလာနိုင်စွမ်းပိုများခြင်းတို့ကိုပါ ကြုံတွေ့နိုင်တယ်လို့ The Daily Mail သတင်းစာမှတစ်ဆင့်…

Read More . . .
knowledge

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၏ ကောင်းအဆိုးများ

လိင်တံ၊ ဒါမှမဟုတ် မိန်းမကိုယ်ကို ပါးစပ်အသုံးပြုပြီး လိင်စိတ်နှိုးဆွခြင်းကို ခေါ်တာပါ။ လိင်တံကို ပါးစပ်နဲ့ ဆက်ဆံပေးခြင်းကို Fellatio လို့ခေါ်ပြီး မိန်းမကိုယ်ကို ဆက်ဆံပေးခြင်းကိုတော့ Cunnilingus လို့ခေါ်ပါတယ်။ ပါးစပ်နဲ့ဆက်ဆံခြင်းဟာ ကိုယ့်အဖော်နဲ့ ရင်းနှီးချစ်ခင်မှုကို ပိုစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာလည်း မကောင်းတဲ့အချက်များလည်းရှိပါတယ်။အားသာချက်များ ၁။ ဆက်ဆံရေးနှင့် ရင်းနှီးမှုကို ပိုကောင်းစေခြင်းပါးစပ်နဲ့ဆက်ဆံတာကို စိတ်ကျေနပ်မှုရဖို့ဆိုရင် ကိုယ်နဲ့ကိုယ့်အဖော်ကြားမှာ စစ်မှန်ပြီးရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးမျိုး လိုအပ်ပါတယ်။ ဒါကြောင့်ဒီနည်းလမ်းက လိင်မှုဘဝနဲ့ ဆက်ဆံရေးကို တိုးတက်စေပါတယ်။ ၂။ စိတ်ခံစားမှုနှင့် စိတ်ဖိစီးမှု ခံနိုင်ရည်ကို တိုးတက်စေခြင်းသုက်ရည်ထဲမှာ Cortisolလ ို့ခေါ်တဲ့ ဟော်မုန်းတွေ ပါဝင်ပြီး အဲဒီဟော်မုန်းက ဦးခေါင်းဆီအောက်ဆီဂျင် ပိုရောက်အောင်လုပ်ပေးနိုင်တာမို့ စိတ်ခံစားမှုတွေ ပိုကောင်းစေတယ်၊ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ ၃။ နာကျင်မှုကို လျော့နည်းစေခြင်းပါးစပ်နဲ့ဆက်ဆံနေစဉ်နဲ့ ဆန္ဒပြီးမြောက်သွားတဲ့အချိန်တွေမှာ ခန္ဓာကိုယ်ထဲမှာ Oxytoin၊ Endorphin စတဲ့ ဟော်မုန်းတွေ ထွက်ပါတယ်။ ဒါတွေကို နာကျင်မှုတွေကို လျော့နည်းသက်သာစေပါတယ်။ ၄။ စိတ်ကျရောဂါကို ကုသပေးနိုင်ခြင်းခုပြောခဲ့တဲ့ အကျိုးကျေးဇူးများကြောင့် ကျန်းမာရေးကိုအထောက်အကူပြုသလို၊ စိတ်ကျရောဂါရှိနေရင်လည်း သက်သာစေပါတယ်။ အားနည်းချက်များ ၁။ လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေရှိခြင်းပါးစပ်နဲ့ ပုံမှန်လိင်ဆက်ဆံမှုပြုမယ်ဆိုရင် HPV ပိုးကူးစက်ခံရနိုင်ချေပိုများပြီး လည်ချောင်းကင်ဆာဖြစ်နိုင်ချေပိုရှိပါတယ်။ ၂။ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများHIV ပိုး၊ ရေယုုန်၊ ဆစ်ဖလစ်၊ ဆီးပူညောင်းကျ၊ အသည်းရောင်အသားဝါပိုး၊ HPV ပိုးများလည်း…

Read More . . .
knowledge

အမျိုးသမီးတွေ ဘယ်လိုအချိန်မျိုးမှာ လိင်ခံစားမှုအထွတ်အထိပ်ရောက်ကြသလဲ

လူ့ပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေက အမျိုးသမီးတစ်ယောက်လိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်တာကို ကျွန်တော်တို့တွေ ဘယ်လိုမြင်သလဲဆိုတဲ့အပေါ် အများကြီးသက်ရောက်မှု ရှိပါတယ်။ လေ့လာချက်တွေအရတော့ အမျိုးသမီးတွေက လိင်ဆက်ဆံချိန် ဘယ်လိုပုံစံမျိုးကို ကြိုက်နှစ်သက်သလဲဆိုတာနဲ့ ဘယ်အချိန် ခံစားမှုအထွတ်အထိပ် ရောက်ကြလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူးလို့ ဆိုထားပါတယ်။ အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းအတွက် မိမိကိုယ်ကိုအမြင်ရယ် အဖော်ဖြစ်သူနဲ့လိင်ဆက်ဆံချိန် ပွင့်လင်းစွာ စကားပြောဆက်သွယ်ခြင်းက အရေးပါနေပါတယ်။ လိင်ခံစားမှုမှာ အထွတ်အထိပ်ရောက်ဖို့ဆိုတာ လိင်ဆက်ဆံခြင်းရဲ့ အဓိက ပန်းတိုင်တစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ သူတို့ရဲ့ အသက် ၂၀ ကနေ ၃၀ နှစ်အထိ အချိန်ကာလတွေမှာ လိင်ဆက်ဆံချိန်မှာ လိင်ခံစားမှုအထွတ်အထိပ်ရောက်ခြင်းကို မခံစားရပါဘူး။ ကနေဒါနိုင်ငံ Université du Québec à Montréal (UQAM) လိင်မှုဗေဒဌာနမှ ဒေါက်တာ Léa J. Séguin ဟာ အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက်ခြင်းကို မျက်မှောက်ခေတ် အပြာရုပ်ရှင်လောကတွေမှာ ဘယ်လိုပုံဖော်ကြလဲဆိုတာလေ့လာခဲ့ပါတယ်။ မျက်မှောက်ခေတ်နာမည်ကြီး အပြာရုပ်ရှင် ၅၀ ခန့်ကို လေ့လာခဲ့ရာမှာတော့ ဒီဇာတ်ကားတွေထဲမှာ ၁၈.၃ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြောင်း သရုပ်ဖော်ထားတာကိုတွေရပြီး အမျိုးသမီး လိင်အင်္ဂါအစေ့ (Clitoris) ကို လှုံ့ဆော်ခြင်းကြောင့် လိင်ခံစားမှု အထွတ်အထိပ်ရောက်တယ်လို့ဖော်ပြထားတာ ၂၅ ရာခိုင်နှုန်းသာရှိကြောင်း ဆိုထားပါတယ်။ ဒါဟာ မျက်မှောက်ခေတ် အပြာရုပ်ရှင်ကားများက အမျိုးသမီးတွေ လိင်ခံစားမှု…

Read More . . .
knowledge

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ရောက်စေရန် ကူညီပေးနိုင်တဲ့ အရုပ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Sex Toyအသုံးပြုသူတွေ နည်းနေသေးတယ်ဆိုပေမယ့် လုံးဝအစိမ်းသက်သက် ဖြစ်နေမယ့် အရာတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ Sex Toyတွေ အသုံးပြုခြင်းက လိင်မှုဘဝကို ဘယ်လိုသက်ရောက်စေလဲ၊ ကောင်းသော ပြောင်းလဲခြင်းလား ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ Sex Toy အသုံးပြုရခြင်းရဲ့ ကောင်းကျိုးခုပြောပြပေးမယ့် အချက်တွေက Sex Toyအသုံးပြုသူ စုံတွဲများကို စစ်တမ်းကောက်ယူပြီး ထွက်လာတဲ့ ရလဒ်တွေနဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ၁။ လိင်ဆန္ဒအထွတ်အထိပ် ရောက်တာမြန်စေတယ်။ ယောက်ျားလေးတွေအတွက် ဒါက ပြဿနာတစ်ခုမဟုတ်ပေမဲ့ မိန်းကလေးတော်တော်များများ လိင်ဆန္ဒအထွတ်အထိပ် (Orgasm) ရဖို့ ကြန့်ကြာတတ်တာမျိုး ရှိပါတယ်။ အကြောင်းရင်းက Clitoris လို့ ခေါ်တဲ့ မိန်းမကိုယ်အစေ့ လှုံ့ဆော်မှုကောင်းစွာ မရတာ၊ အမျိုးသားတွေရဲ့ ဆက်ဆံနိုင်စွမ်း စတာတွေနဲ့ သွားပြီးသက်ဆိုင်နေလို့ပါ။ ထိုးသွင်းဆက်ဆံမှုမပြုခင်နဲ့ လိင်ဆက်ဆံနေစဉ် Sex Toyတွေကို အသုံးပြုပြီး မိန်းမကိုယ်အစေ့ကို လှုံ့ဆော်ပေးခြင်းဟာ အမျိုးသမီးရဲ့ ကာမဆန္ဒကိုလည်း လှုံ့ဆော်ပေးနိုင်သလို အထွတ်အထိပ်ရောက်ဖို့လည်း ပိုပြီးလျင်မြန်စေပါတယ်လို့ ဆိုထားကြပါတယ်။ ၂။ ချစ်သူနှစ်ဦးကြား အပေးအယူကို ပိုမျှလာစေတယ်။ တစ်ခါတလေမှာ လိင်မှုကိစ္စက အပေးအယူမမျှလို့ စိတ်တိုင်းမကျရနိုင်တာမျိုးတွေ ရှိပါတယ်။ အမျိုးသားဖြစ်စေ၊…

Read More . . .
knowledge

Kegel ball အမျိုးသမီးအင်္ဂါကျဉ်းအောင်လေ့ကျင့်တဲ့ဘောလုံး

‼️အမျိုးသမီး သီးသန့် သာ ဖတ်ရန်ရည်ရွယ်ပါသည်။ ‼️ အမျိုးသမီးကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် ဗဟုသုတရစေရန်အလို့ဌာ ပွင့်လင်းမြင်သာသော ရှုထောင့်မှ review ပေးခြင်းဖြစ်သည့်အတွက်ရိုင်းစိုင်းသော comments များပေးခြင်းသည်းခံ ပါ။တကယ်ဆို အခုအောက်မှာရေးထားတာထက်ပိုပြီး အများကြီး ရေးပေးချင်တာပါ။ ရေးပေးရင် မကောင်းတတ်လို့ ရိုင်းစိုင်းတဲ့ comments တွေလာမှာစိုးလို့ နည်းနည်းပဲရေးပေးလိုက်ပါတယ်။ ၂၀၂၀ ၊ ၉ လပိုင်းမှာ စသိပြီး အဲ့ကတည်းက kegel device နဲ့ kegel ball ကို တခါထဲ ဝယ်ပြီးသုံးခဲ့တာပါ။ ကိုယ်သိသလောက်ပြန်ပြီး sharing and reviewing လုပ်ပေးပါမယ်။ ( KED- Kegel Device / KEB-Kegel Ball)ကိုယ်က KED ရော KEB ရောကောင်းပြီး တကယ်လုပ်ရင် ထိရောက်ပါတယ်။ ကိုယ်ကအပျင်းကြီးပြီးတော့ KED ကို ဆော့လိုက်မဆော့လိုက်နေတာပါ။ KED ဟာ အမျိုးသားရော အမျိုးသမီးရော မည်သူမဆိုဆော့လို့ရတာပါ။ ၂ ခု စလုံး ဟာ Pelvic muscle အတွက်ရော ဆီးမထိန်းနိုင်ဖြစ်နေ တဲ့ လူတွေအတွက်ရော လုပ်ရင် တကယ်ထိရောက်တဲ့ လေ့ကျင့်ခန်းလေးတွေပါ။ KED ဟာ အမြဲဆော့ပေးရင် ဗိုက်အောက်ပိုင်းအဆီကိုကျစေပီး ပေါင်အတွင်းသား ပေါင်အနောက်ဘက်က Cellulite ကိုပါ ကျစေပါတယ်။ ဆီးမထိန်းနိုင်တဲ့ သူတွေ ဆီးထိန်းလာနိုင်ပါတယ်။အကယ်၍…

Read More . . .
knowledge

BDSM ဆိုသည်မှာ….

ဒီစကားလုံးကို ကျွန်တော်တို့ အားလုံးကြားဖူး၊ တွေ့ဖူးကြမှာ သေချာပါတယ်။ အပြာဆိုက်ဒ်တွေမှာ ခေါင်းစဉ်တစ်ခုအနေနဲ့ တွေ့ရလေ့ရှိပြီး Fifty Shades Of Grey ဇာတ်ကားကလည်း ဒီစာလုံးလေးလုံးနဲ့ ပတ်သက်ပြီး လူသိများထင်ရှားလှတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် BDSM အကြောင်းကို ကောင်းကောင်းသိတဲ့သူ ဘယ်နှစ်ယောက်များရှိပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာဖတ်သူအမျိုးသားတို့ သိသင့်သမျှကို သိစေရပါမယ်။ BDSM ၏ အဓိပ္ပါယ် ဖွင့်ဆိုချက် BDSM ဆိုတဲ့ စကားလုံးလေးတွေက Bondage & Discipline (ချည်နှောင်ခြင်းနှင့် စည်းကမ်းသတ်မှတ် ထိန်းချုပ်ခြင်း)၊ Sadism and Masochism (ညှင်းပန်းနှိပ်စက်ခြင်းဖြင့် ကာမသာယာမှု၊ နာကျင်မှုအပေါ်ကျေနပ်မှု) ဆိုပြီး အဓိပ္ပါယ်တွေကို အနီစပ်ဆုံးမှတ်ယူနိုင်ပါတယ်။ တကယ်တော့ BDSM ဆိုတာ အဆင့်နိမ့်နေရာများမှာ Role Paly လုပ်ဟန်ဆောင်ခြင်း၊ ညှင်းပန်းနှိပ်စက်ပြီး စည်းကမ်းကြပ်မှတ်ခြင်းနဲ့ နာကျင်မှုနဲ့ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုတို့ကနေ ကာမသာယာမှုတွေကို ဖန်တီးတာဖြစ်ပါတယ်။ BDSM ကို လိင်မဆက်ဆံခင် ကိုယ်လက်နှီးနှောရာမှာ လိင်စိတ်ပိုမိုတက်ကြွစေဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။ Bondage & Disciplineပိတ်ထားတဲ့ အခန်းတံခါးနောက်ကွယ်မှာ ချည်နှောင်ခြင်းဆိုတာက သာမာန်အဓိပ္ပါယ်တွေနဲ့ ကွဲပြားပါတယ်။ ဒီနည်းလမ်းကို အသုံးပြုတဲ့သူတွေမှာ Top သို့မဟုတ် Dominator လို့ခေါ်ဆိုတဲ့ အထက်စီးရသူ သခင်နဲ့ Bottom သို့မဟုတ် Submissive နှိမ်ချခံရသူ အစေခံ…

Read More . . .
knowledge

မိန်းမတိုင်း သုတ်ရည် ပန်းထုတ်နိုင်ပါသလား

“Squirting” ဆိုတာ ဘာပါလဲ။ မိန်းမတိုင်း လုပ်နိုင်ပါသလား။ အဲဒီမေးခွန်းတွေကို ဆရာဝန်တွေက ဖြေပေးထားပါတယ်။ မိန်းမခန္ဓာကိုယ်ဟာ လျှို့ဝှက်ဆန်းကြယ်ပါတယ်။ G Spot ရှိမရှိကို ငြင်းသူတွေက ငြင်းနေကြတုန်းမှာ မိန်းမ သုတ်ရည် ပန်းထွက်ခြင်းနဲ့ ပါတ်သတ်ပြီးလဲ အငြင်းအခုန်တွေ ဖြစ်နေပါတယ်။ ကံကောင်း စွာနဲ့ မကြာသေးခင်က လေ့လာချက်တွေက သုတ်ရည် ပန်းထုတ်တာနဲ့ ပါတ်သတ်ပြီး တချို့တဝက်ကို ဖြေရှင်းနိုင်ပြီ ဆိုပါတယ်။ အဲဒါက ဘာလဲ မိန်းမတော်တော်များများက အဲဒါကို ဆီးလို့ပဲ ထင်ပါတယ်။ ပြင်သစ် လေ့လာချက်တစ်ခုက အရည်ပန်းထုတ်တတ်တဲ့ မိန်းမတွေကို စစ်ဆေးပြီးနောက်မှာ အဲဒီ မိန်းမတွေ ပြီးဆုံးပြီးသွားရင် ဆီးအိမ်ထဲက ဆီးပမာဏ လျော့နည်းသွားတာကို လေ့လာ တွေ့ရှိရပါတယ်။ ဒါပေမယ့် ဩစတီးယားက ဆီးလမ်းကြောင်းဆိုင်ရာ ပညာရှင်တစ်ယောက်ကတော့ မိန်းမ ပရော့စတိတ်ဂလင်းနဲ့ အရည်ပန်းထုတ်ခြင်းကို လေ့လာတွေ့ရှိခဲ့ပြီ ဆိုပါတယ်။ သူ့ရဲ့ လေ့လာချက်အရ ၁၀ ရာခိုင်နှုန်းထက် နည်းတဲ့ မိန်းမတွေဟာ ဆီးမဟုတ်၊ ဆက်ဆံစဉ် ထွက်တဲ့ အရည် မဟုတ်တဲ့ အခြား အရည်တစ်မျိုးကို တွေ့ရှိခဲ့ပြီ ဆိုပါတယ်။ အဲဒီ အရည်ဟာ ယောက်ျားတစ်ယောက် ဆက်ဆံစဉ် ထွက်ရှိတဲ့ သုတ်ရည်နဲ့ ဓာတုဗေသ သဘောချင်း တူနေတာ တွေ့ရပါတယ်။ အဲဒါ ဘယ်ကလာလဲ မိန်းမတစ်ယောက်ရဲ့ မအင်္ဂါ အတွင်းပိုင်း အပေါက်နားလေးမှာ…

Read More . . .
knowledge

သုတ်လွှတ်မြန်နေပြီဆိုရင်

တစ်နာရီလောက်ကြာအောင် ထိန်းထားနိုင်ပြီလားး စိတ်တိုင်းကျ အိပ်ခန်းထဲမှာ ကြာရှည်မဆက်ဆံနိုင်ဘူး သုတ်လွှတ်မြန်နေပြီဆိုရင် ဒီသိပ္ပံနည်းကျနည်းလမ်းတွေကိုကြိုးစားသင့်ပါတယ်မိတ်ဆွေ သာမန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေကို အဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်ပြီး ချစ်သူနဲ့အိပ်ရာထဲ အတူနေချိန်မှာ မစွမ်းဆောင်နိုင်ဘူး(သုတ်လွှတ်မြန်နေပြီ)ဆိုတဲ့ကိစ္စက အမျိုးသားအများစုတွေ့ကြုံနေရတဲ့ကိစ္စပါ ။ သုတ်လွှတ်မြန်တယ်( ဆက်ဆံဖော်ချစ်သူထက် အရင်ပြီးတယ်)ဆိုတာက အမျိုးသားတိုင်းနီးပါးကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ Dr.Thomas J.Walshကပြောပါတယ်။ ဒီပြသာနာရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတချို့ကိုဖြေရှင်းသင့်သလို ခန္ဓာကိုယ်အခြေအနေတွေကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အမျိုးသားတွေသတိထားသင့်တာက ဆက်ဆံတဲ့အချိန်ကြာဖို့မဟုတ်ပါဘူး။ဆက်ဆံတဲ့ချစ်သူအမျိုးသမီးကိုချစ်ဖို့နဲ့ သူမကို စိတ်ကျေနပ်စေဖို့ပဲဖြစ်ပါတယ်။ Dr.Thomas J.Walshနဲ့ အခြားဆေးပညာရှင်တွေက ဒီသုတ်လွှတ်မြန်တဲ့ပြသာနာကို ဖြေရှင်းတဲ့နည်းလမ်းတချို့ကို ပြောပြခဲ့ကြပါတယ်။အဲ့ဒါတွေကတော့ ၁။ကိုယ့်ကိုကိုယ်သိပါ ကိုယ်ပြီးတော့မယ်ဆိုတာကို ကိုယ်တိုင်ပဲသိနိုင်ပါတယ်။အဲ့ဒီပြီးတော့မယ့်အခြေအနေကိုသိခြင်းက ပြီးဆုံးတဲ့အခြေအနေမှာ ခံစားရတဲ့ စိတ်ခံစားမှုကို ပိုမိုအားရကျေနပ်စေပါတယ်လို့ Dr.Emily Morseကပြောပါတယ်။Lotionဒါမှမဟုတ်ချောဆီတစ်ခုခုကိုအသုံးပြုပြီး ပြီးခါနီးအချိန်ကိုရောက်အောင်လေ့ကျင့်သင်တယ်လို့ Drက ထပ်ပြောပါတယ်။ ၂။ညှစ်ခြင်း ပြီးတော့မယ်ဆိုတာ သိရင် လိင်အင်္ဂါထိပ်ဖျားရဲ့အောက်နားကို လက်မနဲ့လက်ညှိုးသုံးပြီး ညှစ်ထားလိုက်ပါလို့ Dr.Ian Kernerကပြောပါတယ်။ ဖိထားတဲ့ဖိအားအပေါ်ကို စိတ်ရောက်သွားတဲ့အတွက် လိင်စိတ်ခဏလောက်ပျောက်သွားပါလိမ့်မယ်။ဒါကြောင့် အချိန်ပိုကြာအောင် အတူနေနိုင်သွားပါလိမ့်မယ်။ ဒါကလည်း ကိုယ်ပြီးတော့မယ်ဆိုတာကို သိဖို့လိုသလိုပါပဲလို့ Dr.Walshက ထပ်ပြောပါတယ်။ ၃။အမျိုးသမီးကို ဦးစားပေးပါ။ ပါးစပ်နဲ့။ လက်နဲ့ သို့မဟုတ် ကိရိယာတစ်ခုခုနဲ့ ကိုယ့်နဲ့ဆက်ဆံဖော်ချစ်သူ အမျိုးသမီးကို အရင်ပြီးစေခြင်းဟာလည်း ကိုယ့်ကိုကိုယ်သုတ်လွှတ်မြန်တယ်လို့ ထင်နေတဲ့စိတ်ကို ကုစာနိုင်ပါလိမ့်မယ်လို့ Dr.Kernerက ပြောပါတယ်။ ၄။ထုံဆေးး သွားနှုတ်ရင် ထုံဆေးသုံးသလိုပဲ လိင်တံရဲ့ အာရုံခံနိုင်စွမ်းကို လျော့ချတဲ့စပရေးတွေရှိပါတယ်။အဲ့ဒါတွေကိုသုံးခြင်းက မင်းရဲ့အာရုံခံနိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ လျော့ချပေးပြီး အမျိုးသမီးကတော့…

Read More . . .
knowledge

သင့်ချစ်သူကို ခံစားမှုအထွဋ်အထိပ်သို့ အမြန်ရောက်ရှိစေမည့် နည်းလမ်း(၄)ခု

မိန်းကလေးတစ်ယောက်အတွက် လိင်ပိုင်းဆိုင်ရာသာယာမှုတွေကို တွေ့ကြုံခံစားရဖို့အတွက် လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် သင့်ချစ်သူနဲ့ အတူနေတဲ့အခါမှာ သူမမြန်မြန်ကိစ္စပြီးအောင်ဆိုပြီး အင်အားသုံးပြီး အပြင်းအထန်အားထုတ်နေလို့လည်း ထူးမှာမဟုတ်ပါဘူး။ သူမ ခံစားမှုအရှိန်မသေစေပဲ ကိစ္စမြန်မြန်ပြီးစေမယ့် နည်းလမ်း(၄)ခုကို ဖော်ပြလိုက်ပါတယ်။ ၁။ မတွေ့ခင်ကတည်းက ကြိုတင်နှိုးဆွပါ။ သင့်ချစ်သူဆီကို အရင်တစ်ခေါက်အတူနေတုန်းက အကြောင်းအရာလေးတွေကိုပဲဖြစ်ဖြစ်၊ သူမကို ဘယ်လိုတမ်းတမိတဲ့အကြောင်း၊ သူမကို ဘယ်လိုစိတ်ကျေနပ်စေမယ့်အကြောင်းတွေကို မက်ဆေ့ဂျ် ပို့တာမျိုးတွေ၊ ဖုန်းနဲ့ဆက်သွယ်ပြီး ပြောတာမျိုးလေးတွေ လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ပေးတာဟာ သင်နဲ့ သူမကို ပိုမိုစိတ်လှုပ်ရှားစေမှာဖြစ်ပြီး နောက်တစ်ခါ အတူနေချင်စိတ်များလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် တကယ်အတူနေဖြစ်ကြတဲ့အချိန်မှာလည်း သင့်အတွက် ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ၂။ နမ်းရှုံ့နူးနှပ်တာတွေက မလုပ်မဖြစ်ပါ။ ယောင်္ကျားလေးတွေအတွက်ကတော့ နမ်းရှုံ့နူးနှပ်တာက အတူမနေခင်မှာ လုပ်ဆောင်တဲ့ ရှေ့ပြေးကိစ္စ သက်သက်ပါ။ ဒါပေမယ့် မိန်းကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ နမ်းတာ၊ ကိုင်တွယ်တာ၊ တယုတယပွတ်သပ်ပေးတာ၊ ပါးစပ်နဲ့ ဒါမှမဟုတ် လက်နဲ့နှိုးဆွပေးတာတွေက တကယ်အတူနေတဲ့အခါမှာ ကိစ္စ မြန်မြန်ပြီးစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ပညာရှင်တွေက ပြောထားတာကတော့ အတူမနေခင်မှာ အနည်းဆုံး မိနစ်(၂၀)လောက်အထိ နူးနှပ်ပေးဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။ ဒီလောက်နဲ့ မကျေနပ်သေးရင် နူးနှပ်နေတဲ့အချိန်မှာ လိင်ကိစ္စနဲ့ပတ်သက်တဲ့စကားတွေ သူမကို ဘယ်လိုဘယ်ပုံဆက်ဆံမယ့်အကြောင်းကို နားရွက်နားကပ်ပြီး ခပ်တိုးတိုးလေးပြောပေမယ့်ဆိုရင် သူမရဲ့ခံစားမှုတွေ အမြန်ဆုံးအထွဋ်အထိပ်ကို ရောက်ရှိသွားဖို့ အကူအညီဖြစ်စေမှာဖြစ်ပါတယ်။ ၃။ အတွင်းရောအပြင်ရောလှုပ်ရှားပါ။ မိန်းကလေးအများစုက သာမန်ရိုးရိုးပုံစံတွေနဲ့ ဆက်ဆံနေရုံနဲ့ ကိစ္စပြီးခဲပါတယ်။…

Read More . . .
knowledge

လိင်အင်္ဂါစွပ်ကွင်းတွေအကြောင်းသိကောင်းစရာများ

လိင်အင်္ဂါစွပ်ကွင်းတွေဟာ လိင်ဆက်ဆံချိန်မှာ အသုံးပြုရတဲ့ Sex Toy တစ်ခု ဖြစ်ပါတယ်။ လိင်တံရဲ့ အရင်းမှာ စွပ်ရတာမျိုးရှိသလို၊ ဝှေးစေ့နှစ်လုံးကိုပါ ကျော်ပြီး ဆီးခုံရင်းထိ စွပ်တာမျိုးတွေလည်း ရှိပါတယ်။ လိင်တံစွပ်ကွင်းတွေကို အသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ လိင်ဆက်ဆံချိန်မှာ အချိန်ကြာကြာပိုမိုစွမ်းဆောင်နိုင်ဖို့၊ သာယာမှုကို ပိုမိုခံစားရဖို့ပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးပြုမယ်ဆိုရင် လိင်တံစွပ်ကွင်းတွေဟာ ဘေးကင်းတဲ့ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။ ဒီစွပ်ကွင်းရဲ့ အားသာချက်ကတော့ လိင်တံမာတောင့်စေဖို့ စီးဝင်နေတဲ့ သွေးတွေကို အထဲပြန်မဝင်သွားစေဖို့ လိင်တံတွင်း သွေးကြောတွေထဲမှာ ပိတ်လှောင်ဖို့ ကူညီပေးတာပဲဖြစ်ပါတယ်။ ဒီလိုသွေးတွေက အထဲပြန်မဝင်သွားတဲ့အခါ လိင်တံတစ်ရှူးတွေက ပိုမာပြီး ကြီးလာသလို လိင်တံထောင်မတ်ချိန် လည်း ပိုမိုကြာမြင့်စေတယ်။ ဒါ့အပြင် သုက်လွှတ်မမြန်အောင် ထိန်းထားပေးနိုင်ပါတယ်။ လိင်တံစွပ်ကွင်း သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ? ၁။ လိင်တံထောင်မတ်မှုကို ထိန်းသိမ်းထားနိုင်တယ် လိင်စိတ် ဖြစ်နေတဲ့အချိန် လိင်အင်္ဂါတစ်ရှုးတွေထဲကို သွေးတွေအများကြီးစီးဝင်လာတာကြောင့် လိင်အင်္ဂါက ထောင်မတ်ကြီးထွားလာခြင်းဖြစ်ပါတယ်။ လိင်စိတ်ကျသွားတဲ့အခါ ခန္ဓာကိုယ်ထဲကို သွေးတွေပြန်စီးသွားတာကြောင့် ပျော့သွားပါတယ်။ ဒီလို လိင်အင်္ဂါအတွင်းက သွေးတွေ မြန်မြန်နဲ့ပြန်မစီးသွားအောင် လိင်အင်္ဂါစွပ်ကွင်းတွေက ညှစ်ထားပေးတဲ့ သဘောဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်တံထောင်မတ်ချိန်ကို ပိုမိုကြာမြင့်စေနိုင်ပြီး အချိန်ကြာကြာစွမ်းဆောင်နိုင်စေမှာ ဖြစ်ပါတယ်။ ၂။ သင့်ကို ယုံကြည်မှုရှိစေတယ် လိင်အင်္ဂါစွပ်ကွင်းတွေက လိင်တံထောင်မတ်မှုနဲ့ပတ်သက်ပြီး သင့်ရဲ့ စိတ်ပူပန်မှုတွေကို လျော့နည်းသွားစေနိုင်တာကြောင့် အိပ်ရာထဲမှာ ယုံကြည်မှုအပြည့်နဲ့ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။…

Read More . . .