knowledge

သူမစိတ်ပါလာအောင် ဘယ်လိုပြုစုမလဲ

မိန်းမတစ်ယောက်ဟာလဲ အိပ်ရာထဲမှာ အရမ်းစိတ်ကြွတတ်ပါတယ်။ ဒါပေမယ့် သူမအရမ်း ကောင်းကောင်းခံစားနေရမှပါ။ သင်သာ သူမကို အတတ်နိုင်ဆုံး စိတ်ကြွအောင် လုပ်ပေးခဲ့နိုင်ရင်တော့ သင်တို့ ပြန်ရမဲ့ Sex ကိစ္စဟာ အံ့ဩလောက်အောင် Hot နေမှာပါ။ ကျွန်တော်တို့ ပုရိသတွေကတော့ စိတ်ထလွယ်ပေမယ့် အမျိုးသမီးတွေကတော့ ကွဲပြားခြားနားပြီး ပိုခက်ခဲတဲ့လှုံ့ဆော်မှုမျိုး လိုပါတယ်။အောက်ဖော်ပြပါ နည်းစနစ်တွေနဲ့ ကြိုးစားကြည့်ပါ ၁. ဖြည်းဖြည်း လုပ်ပါ ချက်ခြင်းကြီး အဓိကကို တန်းမသွားပါနဲ့။ သူမကို အရင် ပြုစုပေးပါ။ သင် အဓိကကို သွားချင်နေပြီဆိုတာ သိပါတယ်။ ဒါပေမယ့် သင် သူမရဲ့ စိတ်ကို ဖွင့်လှစ်နိုင်ဖို့ ဖြည်းဖြည်းမှန်မှန် နိဒါန်းပျိူးပေးရမှာပါ။ သူမရဲ့ လက်မောင်း၊ လည်ပင်း၊ ဝမ်းဗိုက်၊ ဆံပင်၊ မျက်နှာလေးတွေကို ထိတို့ပေးချင်းဖြင့် စတင်ပါ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပါ။ သူမ စောင့်နေရတာ စိတ်ကြွလွန်းလို့ အချိန်ရောက်တာနဲ့ သင့်ပေါ် ခုန်တက်လာပါလိမ့်မယ်။ ၂. အမြည်းပေးပါ သူမကို သင် နောက်ကျရင် ဘာတွေလုပ်မှာလဲဆိုတာကို အမြည်းလေးတွေ ပေးပါ။ ဘယ်ချိန် ရပ်ရမလဲဆိုတာတော့ သိမယ်ထင်ပါတယ်။ သူမရဲ့ ပန်းဖူးလေးကို တို့ထိရုံလေးပဲ ကစားပါ။ တခြားဘာမှ မလုပ်ပါနဲ့။ သူမက သင့်ကို ရှေ့ဆက်တိုးဖို့ အမူအရာတွေ ပေးပါလိမ့်မယ်။ ဒါပေမယ့် မတိုးပါနဲ့။ သူမ ကြာကြာစောင့်ရလေ၊ စိတ်ကြွလေပါ။…

Read More . . .
knowledge

ကွန်ဒုံးကို ဘယ်လိုသိမ်းရပါ့

ကြင်သူနှစ်ဦးအကြား ချစ်ခရီးကလည်း နှင်ချင်၊ ကိုယ်ဝန်ကလည်း မရချင်သေးဘူးဆိုရင် အရင်ဆုံး စဉ်းစားမိမှာက ကွန်ဒုံး သုံးဖို့ဖြစ်ပါလိမ့်မယ်။ ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STIs လို့ခေါ်တဲ့ လိင်ကနေဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ၉၈% လောက် တားဆီးပေးနိုင်ပါတယ်။ ကွန်ဒုံးတွေဟာ သုတ်ရည်နဲ့ တခြားခန္ဓာကိုယ်က အရည်တွေကို အမျိုးသမီးလိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်တွေဆီ မရောက်အောင် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ပေးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ တန်ဖိုးလည်း သိပ်မကြီးကြတဲ့ ကွန်ဒုံးတွေကို အလွယ်တကူ ဝယ်ယူလို့ရနိုင်တာကြောင့် တချို့က ကြိုတင်ဝယ်ယူ ဆောင်ထားတတ်ကြသလို တချို့ကတော့လည်း အလိုရှိမှ လက်လှမ်းမှီရာကနေ ဝယ်ယူပြီး အသုံးပြုတတ်ကြပါတယ်။ ကွန်ဒုံးကို ဘယ်လို ထိန်းသိမ်းမလဲကွန်ဒုံးကို ကြိုတင်ဝယ်ယူ ဆောင်ထားရင်တော့ ကိုယ်စိတ်ပါတဲ့အချိန် ထပြီး သွားလို့ရတယ်မဟုတ်လား။ ဒီတော့ ကြိုတင်ဆောင်ထားတာက မမှားတဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် ကွန်ဒုံးကြီးတော့ ဝယ်လိုက်ပြီထားတော့။ ဒီပစ္စည်းဆိုတာမျိုးက သူခိုးရွှေရ တပြပြလုပ်နေလို့ကလည်း မရပြန်ဘူး။ လူအမြင်မတော်ဘူးလို့ အများစုက ယူဆထားကြတာကိုး။ ဒါပေမယ့်လည်း လိုအပ်တော့ ကြုံရင်ဆုံရင် ဝယ်မိတာမျိုးကလည်း ရှိနိုင်တယ်။ ဒီတော့ ဝယ်ထားပြီးရင် ဘယ်လိုထိန်းသိမ်းမလဲ၊ ဘယ်လိုသိမ်းဆည်းမလဲဆိုတဲ့ နည်းနာက…

Read More . . .
knowledge

ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက်

အမျိုးသားတွေဟာ အများအားဖြင့် လိင်ဆက်ဆံရာမှာကွန်ဒုံးမသုံးချင်ကြပါဘူး။ စိတ်ကျေနပ်မှု အပြည့်အဝမရရှိနိုင်တာကြောင့်လို့ ဆိုတတ်ကြပါတယ်။ မိမိရဲ့အိမ်သူသက်ထား ဇနီးမယားနဲ့ချစ်ကြိုးသွယ်မယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ပေမဲ့ ချစ်သူရည်းစား (သို့မဟုတ်) တစ်ညတာပျော်ပါးမှုတွေမှာတော့ ကွန်ဒုံးဟာမသုံးမဖြစ် သုံးရမယ့်အရာပါ။ ကွန်ဒုံးသုံးခြင်းကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးပေးနိုင်သလို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပြီးသား ဖြစ်သွားမှာပါ။ လိင်တူအမျိုးသားတွေမှာလည်း လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကူးစက်နှုန်း မြန်တာကြောင့် ပိုလို့တောင် ဂရုတစိုက် သုံးသင့်ပါသေးတယ်။ ဒါပေမယ့် ပြဿနာကဘာလဲဆိုတော့ ကွန်ဒုံးအသုံးပြုပြီး ဆက်ဆံတဲ့အခါ သဘာဝအတိုင်း လိင်ဆက်ဆံတာလောက် စိတ်ကျေနပ်မှုမရဘူးလို့ ဆိုလာကြပါတယ်။ မှန်ပါတယ်။ သို့သော် ဒီလိုစိတ်အစွဲကြီးနဲ့ပဲ ကွန်ဒုံးသုံးနေမဲ့အစား ကွန်ဒုံးလည်းသုံးရင်း စိတ်ကျေနပ်မှုကိုလည်း အပြည့်အဝရရှိနိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးပါမယ်။ ဒီနည်းလမ်းတွေကို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးရှုထောင့်အမြင်နဲ့သာ ဖတ်ရှုပေးဖို့ တိုက်တွန်းလိုပါတယ်။ (၁) ချောဆီ (Lubricant) ကိုကွန်ဒုံးရဲ့အတွင်းဘက်ထဲသို့အစက်ချပါ။ဒီနည်းလမ်းကိုအရင်ကတော့ကြားဖူးမယ်မထင်ပါဘူးနော်။ ဒါပေမယ့်ကွန်ဒုံးကို မစွပ်ခင်မှာ ချောဆီထည့်လိုက်ခြင်းဟာစိတ်ကျေနပ်မှုရစေမှာပါ။ ရေကိုအခြေခံပြုလုပ်ထားတဲ့ (water based lubricant) ကို ကွန်ဒုံးထိပ်က နေရာလွတ်သေးသေးလေးထဲသို့ တစ်စက် (သို့မဟုတ်) နှစ်စက်လောက်ချလိုက်ပါ။ ဒီထက်ပိုလို့တော့မကောင်းပါဘူး။ အရမ်းများနေရင်ချောပြီး ကျွတ်ကျသွားနိုင်ပါတယ်။ ကွန်ဒုံးထိပ်ကချောဆီဟာ လိင်တံရဲ့ထိပ်ဖျားကို လာလာထိပြီး ခံစားမှုရသတစ်ခုကို ထပ်မံပေးစွမ်းလို့ပါ။ ကိုယ်ထည်ကလိင်အင်္ဂါအရွယ်အစားနဲ့တော်ပြီး ထိပ်ကအိတ်လေး(နေရာလွတ်)က ပိုကြီးရင် ပိုကောင်းပါတယ်။ အချို့သောအမျိုးသားတွေကတော့ ဒီနည်းလမ်းဟာ ကွန်ဒုံးမပါဘဲ သဘာဝအတိုင်းဆက်ဆံတာထက် ပိုကောင်းတယ်လို့တောင် ဆိုထားကြပါသေးတယ်။ (၂) မတူညီတဲ့ကွန်ဒုံးအမျိုးအစားကိုရွေးချယ်လိုက်ပါ။ကွန်ဒုံးသုံးပြီးလိင်ဆက်ဆံခဲ့တဲ့အရင်ကအတွေ့အကြုံတွေမှာဘာလို့စိတ်ကျေနပ်မှုမရခဲ့တာလဲ။ ထူထဲတဲ့…

Read More . . .
knowledge

ဖြည်းဖြည်းဆေးဆေးလုပ်ကြမယ်

မြန်မြန်ပြီးတိုင်းကောင်းတာမဟုတ်တဲ့ကိစ္စတွေထဲမှာ ကိုယ်လက်နှီးနှောခြင်းလည်းအပါအဝင်ပေါ့။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအကြောင်းပြောပြပေးထားပါတယ်။ ဘာလုပ်လုပ်မြန်မြန်ပြီးတိုင်းကောင်းတာမဟုတ်ပါဘူး။ တချို့အရာတွေကအဆင်ပြေဖို့ အချိန်ယူရပါတယ်။ မိန်းကလေးနဲ့ယောင်္ကျားလေးကိုယ်လက်နှီးနှောတဲ့ကိစ္စဆိုလည်း ဒီလိုပါပဲ။စိတ်တအားတက်ကြွလာလို့ ဆက်ဆံလိုက်ပေမဲ့ မိနစ်ပိုင်းနဲ့တင် ဆန္ဒပြီးမြောက်သွားရင် လိင်ဆန္ဒကိုအပြည့်အဝမခံစားလိုက်ရဘဲ ဖြစ်နေမှာပေါ့။ ဒီလိုအခြေအနေကို ကိုယ့်ဖာသာကုသနိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်းပြောပြရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ကုသနိုင်တဲ့နည်းဆိုလို့ ခက်ခက်ခဲခဲတွေမထင်လိုက်ပါနဲ့။ သိပ်ကိုရိုးရှင်းပြီးလွယ်ကူပါတယ်။ Edging လို့ခေါ်တဲ့ ဒီနည်းလမ်းက တကယ်တော့ ဆန္ဒပြီးမြောက်ခါနီးမှာ လိင်ဆက်ဆံတာ (ဒါမှမဟုတ်) အာသာဖြေတာကို ရပ်ပစ်ပြီးမပြီးသွားအောင် ထိန်းချုပ်လိုက်တာပါပဲ။ ကိုယ့်ဖာသာအာသာဖြေချိန်ပဲဖြစ်ဖြစ် လိင်ဆက်ဆံချိန်မှာပဲဖြစ်ဖြစ် အသုံးပြုနိုင်တယ်။ နောက်ပြီး ဒီနည်းကိုယောင်္ကျားလေးတွေတင်မဟုတ်ဘဲ မိန်းကလေးတွေလည်း လုပ်လို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လိင်ဆန္ဒအထွတ်အထိပ်ကိုရောက်ခါနီးမှာ ဆက်ဆံမှု (ဒါမှမဟုတ်) အာသာဖြေတာကိုရပ်လိုက်ပြီး မိနစ်ပိုင်းလောက်စောင့်လိုက်ပါ။ ဆန္ဒမပြီးမြောက်တော့ဘဲရပ်သွားပါလိမ့်မယ်။ ယောင်္ကျားလေးတွေဆို သုက်လွှတ်ချင်စိတ်ပျောက်သွားပါလိမ့်မယ်။ ဒီတော့မှနောက်တစ်ကြိမ်ထပ်ပြီး ဆက်ဆံပါ/အာသာဖြေတာကိုပြန်လုပ်ပါ။ ဖြည်းဖြည်းနဲ့မှန်မှန်ပဲလုပ်ပါ။ ဆန္ဒအထွတ်အထိပ်ရောက်ခါနီးဖြစ်ရင် ပြန်ရပ်လိုက်ပါ။ ပြီးရင်ပြန်လုပ်ပါ။ ဒီလိုထပ်ခါထပ်ခါလေ့ကျင့်ရင် လိင်ဆက်ဆံမှုကို အချိန်ကြာအောင် တဖြည်းဖြည်းထိန်းချုပ်လာနိုင်တာကိုတွေ့ရမှာပါ။ ဒီနည်းကိုလေ့ကျင့်ဖို့လိင်ဆက်ဆံမဲ့သူမလိုအပ်ပါဘူး။ တစ်ကိုယ်တည်း အာသာဖြေပြီးလည်းလေ့ကျင့်နိုင်ပါတယ်။ လေ့လာမှုတွေအရလည်း Edging လို့ခေါ်တဲ့ ဒီနည်းလမ်းကိုသုက်လွှတ် စောတဲ့ယောင်္ကျားလေးတွေမှန်မှန်လိုက်နာကျင့်သုံးရင် သုက်ထိန်းနိုင်အား ပိုကောင်းလာပြီးအချိန်ပိုကြာကြာ ဆက်ဆံနိုင်တာကိုတွေ့ရတယ်လို့ဆိုထားပါတယ်။ ဒီလိုလေ့ကျင့်မှုရဲ့ အဓိကရည်ရွယ်ချက်ကလည်း သုက်လွှတ်မြန်တဲ့ ယောင်္ကျားလေးတွေ သုက်ထိန်းနိုင်ပြီးကိုယ့်ရဲ့အဖော်နဲ့ အချိန်ပိုကြာကြာဆက်ဆံနိုင်ဖို့ဖြစ်ပါတယ်။ လူတိုင်းလေ့ကျင့်ရမှာလားလူတိုင်းလေ့ကျင့်ဖို့လည်း မလိုအပ်ပါဘူး။ စက္ကန့်ပိုင်းလောက်လိင်ဆက်ဆံပြီး ဆန္ဒပြီးမြောက်သွားတဲ့သူတွေပဲ လေ့ကျင့်သင့်ပါတယ်။ လိင်ဆက်ဆံမှုဆိုတာ ထိုးသွင်းဆက်ဆံမှုတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး။ စအိုကနေဆက်ဆံတာ၊ ပါးစပ်နဲ့ဆက်ဆံတာတွေပါပါဝင်ပါတယ်။ဆန္ဒပြီးမြောက်ဖို့အရမ်းမြန်တဲ့ ယောင်္ကျားလေး၊ မိန်းကလေးတချို့မှာဆို လိင်ဆက်ဆံတဲ့အဆင့်ထိတောင်မရောက်ဘဲ နည်းနည်းလေးလှုံ့ဆော်မှုရတာနဲ့တင် ဆန္ဒအထွတ်အထိပ်ရောက်သွားတဲ့အထိမြန်ဆန်တတ်တာကိုတွေ့ရပါတယ်။…

Read More . . .
knowledge

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

ချောဆီဆိုတာ လိင်ဆက်ဆံတဲ့အခါမှာ ထိခိုက်ပွန်းပဲ့မှုနည်းစေဖို့၊ အဝင်အထွက်ချောစေဖို့အတွက် မဖြစ်မနေ အသုံးပြုပေးရပါတယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် သဘာဝချောဆီ နည်းသွားပြီး မိန်းမကိုယ်ခြောက်သွေ့တာမျိုး ဖြစ်နိုင်တဲ့အတွက် ချောဆီမသုံးဘဲ လိင်ဆက်ဆံရင် အနာတရဖြစ်မိပြီး လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်နိုင်ပါတယ်။ တံတွေးကို ချောဆီအဖြစ်နဲ့ သုံးလို့ရလား။တံတွေးဟာ ကနဦးထိုးသွင်းကာစမှာ အဝင်အထွက်ကို ချောမွေ့စေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခြောက်သွားတတ်ပါတယ်။ ဒါ့အပြင် ထိုးသွင်းဆက်ဆံတဲ့ အမျိုးသားရဲ့ ပါးစပ်မှာ အနာဖြစ်နေရင်၊ ရေယုန်ပေါက်နေရင်၊ ခံတွင်းသန့်ရှင်းမှုမရှိရင် ပါးစပ်ထဲက ရောဂါပိုးတွေဟာ တံတွေးကနေတစ်ဆင့် မိန်းမကိုယ်ထဲကို ဝင်သွားပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ တံတွေးကို ချောဆီအဖြစ် သုံးရတော့မယ်ဆိုရင် ထိုးသွင်းဆက်ဆံခံရသူအနေနဲ့ မိမိရဲ့ ကိုယ်ပိုင်တံတွေးကိုသာ အသုံးပြုသင့်ပါတယ်။ ကွန်ဒုံးသုံးရင် ချောဆီသုံးသင့်လား။တချို့သော ကွန်ဒုံးအမျိုးအစားတွေမှာ ချောဆီအနည်းငယ် ပါပြီးသားဆိုပေမယ့် လိင်ဆက်ဆံနေစဉ် လွယ်ကူချောမွေ့စေဖို့အတွက် အပြင်ကနေ ချောဆီအကူ ထပ်လိုက်ပေးဖို့ အရေးကြီးပါတယ်။ ကွန်ဒုံးတွေဟာ ပွတ်တိုက်ဖန်များလာတာနဲ့အမျှ ပေါက်ပြဲသွားနိုင်တဲ့အတွက် ဒါကို မဖြစ်ရအောင် ရေအခြေပြု ချောဆီများနဲ့ သုတ်လိမ်းပြီးမှသာ လိင်ဆက်ဆံခြင်းကို ပြုသင့်ပါတယ်။ ဘယ်လိုချောဆီအမျိုးအစားတွေကို ရွေးချယ်ဝယ်ယူမလဲ။ချောဆီမှာ ပါဝင်တဲ့ပစ္စည်းတွေကို လေ့လာကြည့်ရင်း ဘယ်အမျိုးအစားက သင်နဲ့ သင့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်အတွက် အသင့်လျော်ဆုံးဖြစ်မလဲဆိုတာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ၁။ Water-based ချောဆီရေဓာတ်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချောဆီတွေကိုတော့ အမျိုးသားတွေရော အမျိုးသမီးအများစုပါ ကြိုက်နှစ်သက်ကြပါတယ်။ ထိုးသွင်းဆက်ဆံခြင်းပြုရာမှာတင်…

Read More . . .
knowledge

လေ့ကျင့်ခန်းမလုပ်ခင် လက်နဲ့အာသာဖြေတာမျိုး လုပ်သင့်လား

ဒါကတော့ ကြွက်သားတက်ဖို့ Gym ကို သေချာကစားနေတဲ့ အမျိုးသားတွေ၊ အားကစားသမားတွေကြားမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုပါ။ တချို့တွေကျတော့လည်း လေ့ကျင့်ခန်း၊ အားကစားလုပ်နေတဲ့အချိန် အာသာဖြေပြီး သုက်လွှတ်လိုက်ရင် တကယ်ကစားတဲ့အခါ အားမရှိသလို နုံးချိနေတတ်တယ်။ ကျားဟော်မုန်းနည်းသွားနိုင်တယ်။ စွမ်းဆောင်ရည်ကျဆင်းသွားတတ်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တမ်း လက်တွေ့မှာ သုက်လွှတ်ခြင်းနဲ့ စွမ်းဆောင်ရည်ကျခြင်းသည် ဘာမှသက်ဆိုင်မှုမရှိပါဘူး။ ဘာကြောင့် ဒီလိုထင်ကြတာလဲ။အမျိုးသားတစ်ယောက်ရဲ့ ကြွက်သားထုတက်စေဖို့၊ တစ်နေ့တာအတွက် ခွန်အားတွေပြည့်ဝနေစေဖို့ တက်စတိုစတီရုန်းလို့ ခေါ်တဲ့ ကျားဟော်မုန်းက ကူညီပံ့ပိုးပေးပါတယ်။ သုက်လွှတ်လိုက်တဲ့အခါမှာ ကျားဟော်မုန်းပမာဏတချို့က သုက်ရည်နဲ့အတူ ပါသွားတယ်ဆိုတဲ့အချက်ကြောင့်ပဲ ဒီလိုအလွဲတွေဟာ အမျိုးသားတွေကြားမှာ ရေပန်းစားလာတာပဲဖြစ်ပါတယ်။ တကယ်တော့ လက်နဲ့အာသာဖြေတာဖြစ်စေ၊ လိင်ဆက်ဆံပြီး သုက်လွှတ်လိုက်တာဖြစ်စေ ကိုယ်ခန္ဓာက ကုန်ဆုံးသွားတယ်ဆိုတဲ့ ကျားဟော်မုန်းပမာဏဟာ ကိုယ့်ရဲ့ အားကစား၊ လေ့ကျင့်ခန်း၊ အလေးမတဲ့ စွမ်းဆောင်ရည်ကျဆင်းစေလောက်တဲ့အထိ မများပါဘူး။ သုက်လွှတ်ပြီး အားကစား၊ လေ့ကျင့်ခန်းလုပ်လို့ မောနေတဲ့သူတွေအများစုမှာ ဖြစ်နိုင်ခြေရှိတာကတော့ ညတုန်းက အိပ်ရေးမဝခဲ့တာ၊ အိပ်ရာဝင်ဖို့ နောက်ကျတာ၊ အရက်၊ ဆေးလိပ်သောက်သုံးတာ၊ ပရိုတင်း၊ ကစီဓာတ် ပြည့်ပြည့်ဝဝမစားသုံးတာကြောင့်ပါပဲ။ Gym ကစားနေရင် အာသာဖြေတာကို ရပ်ထားသင့်လား။သုက်လွှတ်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမျိုးသားတစ်ယောက်ရဲ့ တစ်နေ့တာခွန်အားနဲ့ စွမ်းဆောင်ရည်သည် အတူတူပါပဲ။ တစ်ခုသတိထားရမှာကတော့ သုက်လွှတ်ပြီးပြီးချင်းမှာ မောပန်းတာ၊ ချွေးထွက်တာမျိုး ဖြစ်လေ့ဖြစ်ထရှိတာကြောင့် Gym မကစားခင် မိနစ်ပိုင်းအလို သို့မဟုတ် ကစားပြီးပြီးချင်း မိနစ်ပိုင်းအတွင်း သုက်လွှတ်တာမျိုးကိုတော့ တတ်နိုင်သလောက်…

Read More . . .
knowledge

COVID-19 ကြောင့် ညိုးနွမ်းသွားနိုင်တဲ့ အမျိုးသားတို့ဘဝ

COVID-19 ဖြစ်တာ တစ်နှစ်လောက် ရှိလာပြီဆိုတော့ ဖြစ်တဲ့သူတွေဖြစ်၊ ပြန်ကောင်းတဲ့သူတွေကောင်း၊ ကောင်းတဲ့သူတွေလည်း နာလန်ပြန်ထူလာကြပါပြီ။ ပြန်ကောင်းလာကြတယ်ဆိုပေမယ့် လုံးလုံးကောင်းတာတော့ ဖြစ်ဟန်မတူပါဘူး။ ဆေးရုံကဆင်းလို့ အိမ်ပြန်လာကြသည့်တိုင် တော်တော်များမျာက အရင်ကနဲ့ မတူတော့ဘူးလို့ ပြောကြပါတယ်။ ရောဂါတစ်ခုဖြစ်ပြီးရင် နောက်ဆက်တွဲခံစားရသလိုပဲ COVID-19 မှာလည်း ပြန်ကောင်းလာပြီး ဒီလိုမျိုးတွေ ခံစားရပုံပေါ်ပါတယ်။ COVID-19 ရဲ့ နောက်ဆက်တွဲ ပြဿနာများပေါ့။ အများစုကတော့ နုံးတာ၊ အိပ်မပျော်တာ ဖြစ်ကြပါတယ်။ ရှာဖွေလေ တွေ့ရှိလေပဲဆိုဆို COVID-19 ရဲ့ နောက်ဆက်တွဲက ကြာလေလေ ပိုတွေ့လာလေလေပါပဲ။ ခုလည်း အမျိုးသားထုကြီးကို ခြိမ်းခြောက်နိုင်တဲ့ နောက်ဆက်တွဲ တစ်ခုကို ထပ်တွေ့လာရပြန်ပါပြီ။ COVID-19 ကြောင့် အမျိုးသားများ ဘဝဆုံးသွားနိုင်သလား။COVID-19 ခံစားရပြီး ပြန်ကောင်းသွားတဲ့ အမျိုးသားတွေက အိမ်ပြန်ရောက်သွားတဲ့အခါ အရင်လို ပြန်မဖြစ်ကြပါဘူးတဲ့။ အရင်လိုဆိုတာ ‘လိင်တံမထောင်မတ်‘တာကို ပြောတာပါ။ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မဟုတ် ဒီပြဿနာကို ကြုံလာရလို့ လေ့လာမှုတွေ လုပ်ကြည့်လိုက်တဲ့အခါ တကယ်ဘဲ ‘မထောင်’တာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ဖြစ်နိုင်ခြေတွေကို စဉ်းစားကြည့်တဲ့ အခါကျတော့ သွေးကြောတွေ ထိခိုက်တာကြောင့်လိင်တံထောင်မတ်ဖို့ဆိုတာ လိင်တံထဲကို သွေးတွေ ကောင်းကောင်း စီးဝင်မှရမှာပါ။ ဒါကြောင့် နှလုံးနဲ့ သွေးကြောမကောင်းတဲ့သူတွေမှာ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာတွေ့ရပါတယ်။ COVID-19က ခန္ဓာကိုယ်တစ်ခုလုံးကို ရောင်ရမ်းစေတယ်ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ အထူးသဖြင့်…

Read More . . .
knowledge

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာပဲဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာတော့ ကျားဟော်မုန်း ကျဆင်းလာတာ၊ ရောဂါတွေ ဖြစ်လာတာ၊ အမောမခံနိုင်တော့တာ စတဲ့ ပြဿနာတွေကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်း ပြဿနာအလွန်အဖြစ်များပါတယ်။ လေ့လာချက်တွေအရ ဒီဘက်ခေတ်မှာ လူငယ်အမျိုးသားတွေမှာလည်း ဒီလိုအလားတူပြဿနာတွေ အဖြစ်များလာတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာပေါ် စစ်တမ်းကောက်ကြည့်တဲ့အခါ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တဲ့ ရာခိုင်နှုန်းဟာ တော်တော်လေးများပြီး အစာအာဟာရ မပြည့်ဝတာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ အထိုင်များလာတာ၊ ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးလာတာ၊ အိပ်ရေးပျက်တာတွေကြောင့်ဟာ ဒုတိယအဖြစ်များတဲ့ အကြောင်းရင်းလို့ သိရပါတယ်။ စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ဘူးဆိုတာ ဖြစ်နိုင်ရဲ့လား။ယောက်ျားလေးမို့လို့ အမြဲတမ်း စိတ်ဓာတ်ကြံ့ခိုင်နေရမယ်၊ ဘယ်လိုအခက်အခဲ၊ စိတ်ညစ်စရာပြဿနာတွေပဲ ကြုံလာကြုံလာ စိတ်ဓာတ်ကျသွားတာမျိုး မဖြစ်ရဘူးဆိုတဲ့ ခပ်တုံးတုံးရှေးရိုးစွဲ အယူအဆတွေကို စွန့်ပစ်လိုက်သင့်ပါပြီ။ စိတ်ဆိုတာ လူ့ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေတဲ့ လောင်စာဆီတစ်မျိုးပါပဲ။ စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်တွေ ပြည့်လာတဲ့အခါ ဦးနှောက်က စိတ်ဖိစီးမှုရဲ့ ဒဏ်ကို ခံစားရပြီး ခန္ဓာကိုယ်ရဲ့ သိနိုင်၊ ခံစားနိုင်၊ တုံ့ပြန်နိုင်စွမ်းရှိတဲ့ အာရုံကြောစနစ်တွေ အကုန် နှောင့်နှေးကုန်တော့တာပေါ့။ စိုးရိမ်စိတ်ဆိုတဲ့ နေရာမှာ ဖြစ်နိုင်ခြေ အကြောင်းရင်းအများအပြား ရှိနိုင်ပါတယ်။ ဒီအကြောင်းရင်းတွေထဲမှာ မိသားစု စားဝတ်နေရေး၊ ငွေကြေး၊ အသုံးစရိတ်အတွက်…

Read More . . .
knowledge

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ရောက်စေရန် ကူညီပေးနိုင်တဲ့ အရုပ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Sex Toy အသုံးပြုသူတွေ နည်းနေသေးတယ်ဆိုပေမယ့် လုံးဝအစိမ်းသက်သက် ဖြစ်နေမယ့် အရာတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ Sex Toy တွေ အသုံးပြုခြင်းက လိင်မှုဘဝကို ဘယ်လိုသက်ရောက်စေလဲ၊ ကောင်းသော ပြောင်းလဲခြင်းလား ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ Sex Toy အသုံးပြုရခြင်းရဲ့ ကောင်းကျိုးခုပြောပြပေးမယ့် အချက်တွေက Sex Toy အသုံးပြုသူ စုံတွဲများကို စစ်တမ်းကောက်ယူပြီး ထွက်လာတဲ့ ရလဒ်တွေနဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ၁။ လိင်ဆန္ဒအထွတ်အထိပ် ရောက်တာမြန်စေတယ်။ယောက်ျားလေးတွေအတွက် ဒါက ပြဿနာတစ်ခုမဟုတ်ပေမဲ့ မိန်းကလေးတော်တော်များများ လိင်ဆန္ဒအထွတ်အထိပ် (Orgasm) ရဖို့ ကြန့်ကြာတတ်တာမျိုး ရှိပါတယ်။ အကြောင်းရင်းက Clitoris လို့ ခေါ်တဲ့ မိန်းမကိုယ်အစေ့ လှုံ့ဆော်မှုကောင်းစွာ မရတာ၊ အမျိုးသားတွေရဲ့ ဆက်ဆံနိုင်စွမ်း စတာတွေနဲ့ သွားပြီးသက်ဆိုင်နေလို့ပါ။ ထိုးသွင်းဆက်ဆံမှုမပြုခင်နဲ့ လိင်ဆက်ဆံနေစဉ် Sex Toy တွေကို အသုံးပြုပြီး မိန်းမကိုယ်အစေ့ကို လှုံ့ဆော်ပေးခြင်းဟာ အမျိုးသမီးရဲ့ ကာမဆန္ဒကိုလည်း လှုံ့ဆော်ပေးနိုင်သလို အထွတ်အထိပ်ရောက်ဖို့လည်း ပိုပြီးလျင်မြန်စေပါတယ်လို့ ဆိုထားကြပါတယ်။ ၂။ ချစ်သူနှစ်ဦးကြား အပေးအယူကို ပိုမျှလာစေတယ်။တစ်ခါတလေမှာ လိင်မှုကိစ္စက အပေးအယူမမျှလို့ စိတ်တိုင်းမကျရနိုင်တာမျိုးတွေ…

Read More . . .
knowledge

ဖွားဖက်တော် သေးနေလို့ သင့်အဖော် စိတ်မကျေနပ်လောက်ဘူးလို့ ထင်နေပါသလား

အမျိုးသားထုတွေကြားမှာ မကြာခဏ အမေးများတဲ့ မေးခွန်းကတော့ သူတို့ ငယ်ပါ အရွယ်အစား သေးလားဆိုတာပါပဲ။ အရွယ်အစား ပုံမှန်ရှိတဲ့သူကလည်း ထပ်ပြီး ကြီးချင်ကြတယ်။ ပုံမှန်ထက် အနည်းငယ်ကြီးနေတဲ့ အမျိုးသားတွေကလည်း ထပ်ပြီး ကြီးဖို့ ကြိုးစားကြတယ်။ အပြာရုပ်ရှင်တွေနဲ့ မကြာခဏ နှိုင်းယှဉ်ပြီး ကိုယ့်အရွယ်အစားကို သေးတယ်လို့ မြင်လာကြတယ်။ သိမ်ငယ်စိတ်တွေ ဝင်လာတယ်။ မိန်းကလေးတွေကလည်း လိင်တံအရွယ်ကြီးမှ စိတ်ကျေနပ်မှု အပြည့်အဝရနိုင်မယ်ဆိုပြီး စိတ်ထဲမှာ ယုံကြည်လက်ခံလိုက်ကြတာပေါ့။ ပုံမှန်လိင်တံအရွယ်အစားဆိုတာ ဘယ်လိုမျိုးလဲ။အရှည်ဟာ ပျော့နေတဲ့အချိန်မှာ ၂.၈လက်မ မှ ၃.၉လက်မ (၇-၁၀ စင်တီမီတာ) ရှိပြီး မာနေတဲ့အချိန်မှာ ၄.၇လက်မ မှ ၆.၃လက်မ (၁၂-၁၆ စင်တီမီတာ) ရှိပြီး၊ လုံးပတ်အနေနဲ့ ပျော့နေရင် ၃.၅လက်မ မှ ၃.၉လက်မ (၉-၁၀ စင်တီမီတာ) ရှိပြီး ထောင်မတ်နေချိန်မှာ ၄.၇လက်မ (၁၂ စင်တီမီတာ) လုံးပတ်အရွယ်အစား ဆိုရင် ပုံမှန်အရွယ်အစားလို့ သတ်မှတ်နိုင်ပါတယ်။ လိင်တံအရွယ်အစား ပျော့နေချိန်နဲ့ ထောင်မတ်နေချိန်ဟာ တိုက်ရိုက်အချိုးမကျဘူးလို့လည်း ဆိုထားပါတယ်။ ပြောရမယ်ဆိုရင် ပျော့နေချိန်မှာ တော်တော်လေး သေးတယ်လို့ ထင်မှတ်ရတဲ့ လိင်တံဟာ ထောင်မတ်လာချိန်မှာ ပုံမှန်ထက် ပိုပြီး ကြီးလာနိုင်တာမျိုးလည်း ရှိပါတယ်။ ဘယ်လိုအရွယ်ကို သေးငယ်တယ်လို့ ယူဆလို့ ရလဲ။ပျော့ခွေနေတဲ့အချိန်မှာ အရှည်ဟာ ၁.၆လက်မ (၄ စင်တီမီတာ) ထက်နည်းနေပြီး ထောင်မတ်နေချိန်မှာ…

Read More . . .