knowledge

ပန်းသေပန်းညှိုးရောဂါအတွက်ဆေးနည်း နှင့် အခြားဆေးနည်းများ

(၁) ခွေးလှေးယားသီးနု(အစိမ်း)ကို အရိပ်ထဲမှာ ခြောက် အောင်လှန်းပြီး နွားနို့၂၅-ကျပ်သားနဲ့ ရောကျို၍ နေ့စဉ် တစ်ဇွန်းကျ မှီဝဲသောက်သုံးပါ (သုက်ရည်ယိုခြင်းနဲ့ ကာမကြောအားပြော့သူများ ကို ကောင်းကျိုးပြုပါတယ်)
(၂) ညဉ့်အိပ်မက်၍သုက်လွှတ်ရောဂါရှိသူများ၊ သုက်မြန်သူများ၊ သုက်ဓာတ် အားနည်းသူများ အဖို့ခွေးလှေးယားစေ့ ၁-ကျပ် သား၊ မိကျောင်းကွမ်းဖတ် ၁-ကျပ်သား၊ သကြား
၂-ကျပ်သား ရောကာ အမှုန့်ပြု၍ နေ့စဉ် ၆-ပဲသားခန့်ကို နွားနို့ပူပူဖြင့်သောက်ပါ
(၃) ခွေးလှေးယားပင်မြစ် ၂-ပဲသားခန့်ကို ဖြတ်ယူ၍ ရေစင်စင်ဆေးပြီး ဖို-မ ဆက်ဆံနေစဉ် ထို အပင်မြစ်ကို ပါးစပ်ထဲ ထဲ့ငုံထား ခြင်းဖြင့်သုက်လွှတ်ခြင်းကို ကြာကြာထိန်းထားနိုင်ပါတယ်။
(၄) ဂျုံမှုန့်ကိုခွေးလှေးယားစေ့နဲ့ ရောချက်၍ အေးအောင်ထားပြီးနောက် ထောပတ်ရောသောက်ပါ။
ပြီးရင် နွားနို့ပူပူသောက် ပေးခြင်းဖြင့် ကာမ အားတိုးစေပါတယ်
(၅) မြင်းခွာရွက် ၄-ကျပ်သား၊ ငရုပ်ကောင်း ၁-ကျပ်သားကို အမှုန့်ပြု၍ ပျားရည်ဖြင့် နံက်/ည ၆-လ တိတိ စားပေးခြင်းဖြင့် ခွန်အားဗလကြီး၍
လူပျိုအရွယ်ကဲ့သို့စွမ်းဆောင်နိုင်ပါတယ် (သို့မဟုတ်) မြင်းခွာရွကကိုအရည်ညှစ်၍ ပျားရည်၊ သကြားတို့နှင့် သောက်ပေးခြင်းကခွန်အားတိုးပွားစေပြီး အမောအပန်းခံနိုင်ပါတယ်။
(၆) ပန်းသေပန်းညှိုးရောဂါရှိသူများ ငါးဖရုံကို မီးကင်ပြီး ကြိတ်မှန်ရွက်ဖြင့် အသုပ်သုပ်စားပါ။
(၇) ကျွဲခေါင်းသီးကို မှုန့်ညက်နေအောင်ပြုပြီး နွားနို့ဖြင့်စိမ်သောက်ပေးခြင်းဖြင့် သုက်ခမ်းရောဂါပျောက်ကင်းပြီး၊ သုက်ဓာတ်ပွားလာစေပါတယ်။
(၈) ငရန့်ပတူပင် အမြစ်ကို ပြစ်ပြစ်သွေး၊ နှမ်းဆီနဲ့ရောပြီး တကိုယ်လုံးလူးပေးခြင်းဖြင့် အားကုန်ခမ်းခြင်းကို မဖြစ်စေတော့ပါဘူး။
(၉) ကာမသတ္တိလျော့ နည်းသူများ ကျည်းနီသီးအဆန် ကိုဗူးသီးအနှစ်ဖြင့်ရောကြိတ်ပြီး လိင်တံမှာ လိမ်းကျံပေးခြင်းဖြင့် ကြီးထွားတောင့်တင်းခိုင်မာ လာ စေပါတယ် ။
(၁၀) ပန်းသေရောဂါအတွက် ကျည်းနီသီး အဆန်ကိုပေါက်ပန်းဖြူ သတ္တုရည်ဖြင့် တွဲဖက်သောက်ပါ (၁၃) ခွေးတောက်ရွက်က
သွေးကိုပွားစေပြီး၊ ကာမကိုအားပေးတာကြောင့် ခွေးတောက်ရွက်ကို ဘဲဥနဲ့ကြော်စားပါ ။
(၁၁) ဖန်ခါးသီးကို အမှုန့်ပြုလုပ်၍ ပျားရည်၊ ထောပတ်တို့နှင့်ရောနှောသောက်သုံးပါက ခွန်အားဖြစ်စေပါတယ် ။
(၁၂) လိင်သန်မာကြီထွားစေဖို့ ထိကရုံးပင်မြစ်နဲ့ ဒဟတ်သစ်ကိုင်းမြစ်တို့ကိုကြိတ်၍ ထောပတ်အနည်းရောလိမ်းပါ ။
(၁၃) ပရန်နဝါကိုပါးပါးလှီး၍ ဒန့်သလွန်ပွင့်၊ အုန်းသီးရင့်ရင့် နှင့်ရောစပ်ကာ ပျားရည်ဖြင့်ကျိုချက်ပါ။
နံက်/ည စားပွဲတင်ဇွန်း ၁-ဇွန်း စီ စားပေးခြင်းဖြင့် အားနည်းမောပန်း
ခြင်းနဲ့ ပန်းသေပန်းညှိုးရောဂါတို့ကို ပျောက်ကင်းစေပါတယ် ။
(၁၄) ကညွတ်စားပါ (သို့မဟုတ်) ကညွတ်ဥကို နွားနို့နှင့်အတူ နို့ထမင်းကဲ့သို့ပြုလုပ်စားပေးပါက ကာမအားတိုး၍ သုက်ပွား စေပါတယ် ။
(၁၅) နတ်ဆေးဂမုန်းအခြောက်မှုန့် ၂-ကျပ်သား၊ ပျားရည် ၅၀-ကျပ်သား၊ ထောပတ် ၂၅-ကျပ်သားတို့ကို
သမအောင်ရောစပ်၍ နေပူပူမှာ ၇-ရက်လှမ်းပြီးနောက် ဖန်ပုလင်းထဲ သိမ်းထားပြီး၊
နံက်/ည စားပွဲတင်ဇွန်း ၁-ဇွန်းစီစားပေးပါ။ ထိုဆေးက ပန်းသေ ပန်းညှိုး၊
အင်အားကုန်ခမ်းမောပမ်း လွယ်ခြင်း အတွက် အသုံးဝင်လှပါတယ် ။
(၁၅) ဖလံတောင်ဝှေးကို ငါးခူနဲ့ ချက်စားပါက၊ ကာမအားကိုဖြစ်စေပါတယ်။
(၁၆) ဆိတ်ဖလူးပန်း ပွင့်ကိုအခြောက်လှမ်းအမှုန့်ထောင်းပြီး သကြားနဲ့ဆတူရောစပ်သောက်ပေးခြင်းဖြင့် အမျိုးသားများ သုက်အားနည်းခြင်းကိုကုသနိုင်ပါတယယ် ။
(၁၇) ပင်စိမ်းရွက်ကို ဆိတ်သား၊ ငုံးသားတို့နဲ့ကြော်စားပါက ပန်းညှိုးရောဂါပျောက်၍ ခွန်အားနဲ့သုက်ကို ပွားစေပါတယ် (သို့မဟုတ်) ပင်စိမ်းပင်အစေ့များ၊ ထန်းလျက်၊ ပျားရည်တို့ကိုဆတူရောစပ်ပြီးနံက်အိပ်ယာထ၊ ညအိပ်ယာဝင် လ္ဘက်ရည်ဇွန်း ၁-ဇွန်းစီ မှန်မှန်စားပေးပါ ။
(၁၉) မဉ္ဇူပန်း (၄ နာရီပန်း) ကို နေပူလှန်း၍ ရလာသော အခြောက်ကို ရေနွေးကြမ်းသောက်သကဲ့သို့ ခတ်၍သောက်ခြင်းက ကာမအားကို တိုးပွားစေပါတယ် ။
(၂၀) ဗာဒံစေ့ ၅-လုံး၊ ငရုတ်ကောင်း ၅-စေ့၊ ချင်းခြောက် ၂-ပဲသားတို့ကိုသကြားသင့်သလိုထည့်ကာ သမအောင်ရောနယ်၍ ညက်ညက်ဝါးပြီမှ မျိုချပါ။ ပြီးရင်
နွားနို့ပူပူ တစ်ခွက်ကို တငုံချင်းသောက်ပါ။ ဤအချိုးအဆအတိုင်း ညအိပ်ခါနီးသောက်ပေး ခြင်းဖြင့် သုက်ထွက်မြန်သူ၊ သုက်လွှတ်မြန်သူ၊ သုက်ဓာတ်ခိုင်မာမှု
မရှိသူများကိုကောင်းကျိုးပြုပါတယ် ။
(၂၁) ဇာတိပ်ဖိုလျသီး ကိုသုက်ထိန်းဆေးအဖြစ် မြန်မာ့တိုင်းရင်းဆေးဝါး ဖော်စပ်ရာတွင်အသုံးပြုကြပါတယ်
(၂၂) ပန်းသေပန်းညှိုးခြင်း နဲ့အကြောအားနည်းခြင်းတို့အတွက် ခပေါင်းကြီး ပင်(ခပေါင်း ခါး)ရွက်ကို အခြောက်ခံအမှုန့်ပြု၍ပျားရည်ဖြင့်ရောစားပေးပါ (သို့မဟုတ်) ခပေါင်းကြီးစေ့ ၄-ပဲသားကိုငရုပ်ကောင်းစေ့ ၂-စေ့ရောစပ်၍စားပါ ။
(၂၃) ဆီးအတွင်းမှသုက်များယိုစီခြင်းအတွက် မြေဇာမြက်ကို အခြောက်ခံ မှုန့်ပြု၍ဒိန်ချဉ်ဖြင့်ရောသောက် ပါ။

crd