knowledge

အမျိုးသမီးတွေ ပြီးတယ်ဆိုတာ…

ဆရာ အတ္တကျော်ဘလောက်ကနေ ပြန်ယူထားတာပါ.. ဖိုမရေးရာ ကိစ္စစိတ်မဝင်စား ရင် သို့မဟုတ် ရိုင်းတယ်ထင်ရင် ..ဆက်မဖတ်ပါနဲ့လို့ပြောထားပါတယ်…
သည်ဘလော့ကို ဖတ်ရတာ အသိ ဗဟုသုတ တိုးပါတယ်။ အခုလို ဖော်ပြပေးတဲ့ ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးခြင်း မပြီးခြင်းဆိုတာ ဘာလဲ မသိဘူး…??? မသိလို့ မေးတာပါ။
ဒီဇင်ဘာ ၁၇ ရက်နေ့က သည်ဘလော့(ဂ်)ရဲ့ ကွန်မန့်တစ်ခုမှာ ရေးပြီး မေးသွားတာပါ။
တော်တော် အဖြေရကျပ်တဲ့ မေးခွန်းပါပဲ။ တတ်နိုင်သမျ ကြိုးစားပြီး
ဖြေပေးလိုက်ပါတယ်။
ပထမဆုံးက အဖြေရကျပ်ဆို နှာချေတာ၊ ဒါမှမဟုတ် သမ်းဝေတာနဲ့ နှိုင်းလိုက်ရင် အဖြေရကျပ်တယ်ဆိုတာ ရှင်းသွားမှာပါ။ နှာချေချင်တဲ့အခါ ဟတ်ချိုးလို့ ချေလိုက်ရချိန်မှာ ဘယ်လို ခံစားရလဲလို့ မေးရင် ဘယ်သူ ဖြေနိုင်မလဲ။ ကိုယ်ခန္ဒာမှာ အဲဒီ့အချိန် ဘယ်လိုဖြစ်သလဲ၊ ဘာလဲ၊ နှာချေတယ်ဆိုတာ ဘာလဲ။ ဖြေကြည့်စေချင်ပါတယ်။ လူတိုင်း ချေဖူးပေမယ့် နှာချေတယ်ဆိုတာ ဘယ်လိုလေးပါလို့ အင်မတန် အပြောရ ခက်ပါတယ်။ သမ်းလိုက်တာလည်း အတူတူပါပဲ။ ပါးစပ်ကို အားရပါးရ ဟပြီး ၀ါးခနဲ သမ်းလိုက်တာတော့ မှန်တယ်။ အဲဒါ ဘာလဲ၊ ဘယ်လို ခံစားရလဲဆိုတာ အလွန် အဖြေရခက်လှပါတယ်။ အမျိုးသမီးတစ်ယောက် ပြီးတယ်ဆိုတာလည်း အလားတူပါပဲ၊ အဖြေရ ကျပ်လှပါတယ်။
အမျိုးသားတစ်ယောက်အတွက်ကျတော့ သူ့ငယ်ပါကနေ သုက်ရည်တွေ ထွက်ကုန်တာကို ပြီးတယ်လို့ အပြတ်အသား ပြောနိုင်ပါတယ်။ အမျိုးသမီးမှာကျတော့ အဲလို ရုပ်လက္ခဏာနဲ့ လက်ဆုပ်လက်ကိုင် ပြစရာ ဘာမှ မရှိဘူး။
နောက်တစ်ချက်က အနောက်တိုင်း သုတေသနများအရ အမျိုးသမီး ၂၅ % သာလျင် ချစ်တင်းနှောရင်း (၀ါ) လိင်ဆက်ဆံရင်းနဲ့ ပြီးနိုင်ပါတယ်။ ယောက်ျားကျတော့ ၉၀ % ကျော်ဖြစ်နေတာနဲ့ကို ဒါဟာ အင်မတိ အင်မတန် ဖြစ်တောင့်ဖြစ်ခဲဆိုတာ သေချာနေပါတယ်။
မကြာသေးခင်က ကြံုခဲ့ဖူးတာ တစ်ခုရှိပါတယ်။ အသက် ၆၀ ကျော် မိတ်ဆွေသစ်တစ်ဦးနဲ့ ခရီးအတူသွားဖြစ်ကြရင်း ရင်းနှီးလာလို့ သည်ကိစ္စတွေ ပြောဖြစ်ကြတဲ့အခါ သူက အမျိုးသမီးတွေ မပြီးဘူးလားလို့ တအ့တသြ မေးလာပါတယ်။ တကယ်တော့ သူဟာ မြေးရနေပြီဖြစ်တဲ့ ကလေးသုံးယောက် ဖခင်ပါ။ ဒါနဲ့ ကွန်တော်လည်း သူ့ကို မေးမိတယ်။ “ဘာလဲ အစ်ကိုကြီးက အစ်ကိုကြီး မိန်းမကို ပြီးလားလို့ မေးတတ်တယ် မဟုတ်လား”ဆိုတော့ ဟုတ်တယ်လို့ သူက ဖြေပါတယ်။ ဒါနဲ့ “ဟိုကလည်း ခေါင်းညိတ်တယ်၊ ဒါမှမဟုတ် ပြီးတယ်လို့ ပြောတာချည်းပဲ မဟုတ်လား”ဆိုတော့ သူက ဟုတ်တယ်တဲ့။ ကွန်တော့်မှာ တအား ရယ်ချင်သွားပေမယ့် သူ့ကိုရော သူ့မိန်းမ အမယ်ကြီးကိုပါ သနားမိသွားပါတယ်။ ကွန်တော်တို့မှာက သည်လိုအကြောင်းအရာတွေကို လူသိရှင်ကြား ချပြဆွေးနွေးလို့ မရတာမို့ အများစုဟာ ထင်တစ်လုံးနဲ့ ရမ်းကြိတ်နေကြပါတယ်။ သူလို အမျိုးသားတွေက ကွန်တော်တို့ ပတ်ဝန်းကျင်မှာ ၉၀ % မက ရှိနေမှာလည်း အသေအချာပါပဲ။
ကိုင်း… အမေးရှိတော့ အဖြေရှိလာပါပြီ။
ပထမဆုံး လိင်ဆက်ဆံမှု မစတင်ခင် အပျိုးကာလက အရေးကြီးပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ မတူပါဘူး။ အမျိုးသားတွေကတော့ “ဆင်လိုက်တုန်းတောင် ငယ်ပါတင်းနိုင်ကြသူများ”ဖြစ်ပေမယ့် အမျိုးသမီးတွေက ဆင်လိုက်တာ ဝေးစွ၊ စိတ်ထဲမှာ တစ်ခုခု ကြောင့်ကြနေမိတာနဲ့ လိင်စိတ်နိုးကြားဖို့ အင်မတန် ခက်ခဲပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာနေပေမယ့် အမျိုးသမီးတွေရဲ့ အတွေးထဲမှာ မိသားစုကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေက လှမ်းမိုးထားစမြဲပါ။ ဒါ့ကြောင့် အပျိုးကာလနဲ့ သူတို့ကို စိတ်ပြောင်းအောင် လုပ်ပေးဖို့ လိုပါတယ်။
အပျိုးမှာ အဆင့်ဆင့်ရှိပါတယ်။ ပထမဆုံးက လင်ကိုမယား စိတ်လက် ကြည်ကြည်သာသာနဲ့ ကြည်ကြည်နူးနူး ရှိအောင် လုပ်ဖို့ လိုပါလိမ့်မယ်။ လက်ကလေး ကိုင်တာ၊ ပါးကလေးနမ်းတာ၊ ဆံပင်ကလေး နမ်းတာလေးတွေဟာ တကယ့် အပျိုးပါပဲ။ အိမ်ထောင်သက် နှစ်ပေါင်း ၃၀ ပဲ ရှိနေနေ မပျက်မကွက် လုပ်ဆောင်ရမယ့်အထဲမှာ အဲဒါတွေ ပါပါတယ်။
အဲဒီ့ကမှတစ်ဆင့် အရှိန်လေး နည်းနည်း ရပြီဆိုရင် ပြင်သစ်အနမ်း၊ အနမ်းစို စသဖြင့် ခေါ်တဲ့ နှုတ်ခမ်းချင်း နမ်းတာက ဆက်လာရပါတော့မယ်။ သည်မှာလည်း လင်ရယ် မယားရယ်ဖြစ်လာမှတော့ တစ်ယောက်တစ်ယောက် ရွံနေလို့ မရတော့ပါဘူး။ ဒါ့အပြင် မြန်မာ အမျိုးသမီးအတော်များများက အဲဒီ့အနမ်းကို မတုံ့ပြန်တတ်ဘူး။ ရွံ့နေတတ်တယ်။ အဲတော့ အမျိုးသားက သင်ပေးဖို့ လိုပါတယ်။ အမျိုးသားကလည်း တတ်ဖို့ လိုတာပေါ့ဗျာ။ ပြင်သစ်အနမ်း ဋီကာကို နောက်ကျတော့မှ တစ်ပုဒ် သတ်သတ် ရေးပေးမယ်။ ဟုတ်ပြီလား။
အဲဒီ့အဆင့်ကနေ နောက်တစ်ဆင့် တက်ရာမှာလည်း မလောရပါဘူး။ ယောက်ျားအများစု မှားတတ်တဲ့ အမှားက နမ်းရင်းနဲ့ သူ့လက်ကြီးက အမျိုးသမီးရဲ့ ရင်သားဆီ တန်းရောက်သွားတတ်တာပဲ။ ဟား… အလွဲကြီး ခင်ဗျ။
အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဒာမှာ အာရုံနိုးတဲ့နေရာတွေ များစွာ ရှိပေမယ့် ရင်သားကို တန်းသွားတာကြီးက နေရာမကျဘူးခင်ဗျ။ ဖက်ထားရင်းကနေ လက်မောင်းလေး ပွတ်၊ ကျောလေးပွတ် လုပ်ရတယ်။ ရင်ခုန်လာအောင် နှူးရတယ်။ သူ့လက်ကြီးက ငါ့ရင်သားဆီ ရောက်လာတော့မှာ… ဟော… ရောက်တော့မယ်… ဟင်… ဟုတ်လဲ ဟုဘ်ဘူး… အဲဒီ့ ရှေလက်က ဘယ်ရောက်သွားရပြန်တာလဲ မောင်ရယ်… ဟင့်… ဆိုတာမျိုး ဖြစ်လာအောင် စိတ်ရှည်လက်ရှည် လုပ်နိုင်လေ အခြေအနေ ကောင်းလေလေပါပဲ။
အဲလိုနဲ့ ရင်သားတွေကို ညင်ညင်သာသာ ထိတွေ့ပေးရပါတယ်။ ချိုလုံးလေးတွေကိုလည်း အတူတူပေါ့။ ညင်သာဖို့ လိုပါတယ်။ အမျိုးသမီးအနေနဲ့ သူ့ကို ချစ်တယ်၊ မြတ်နိုးတယ်၊ ယုယတယ်ဆိုတဲ့ ခံစားမှု ရလာအောင် လုပ်ရမှာပါ။ နှုတ်ခမ်းချင်း ဂဟေဆက်ထားတာလည်း မပျက်စေဘဲ လက်က ရင်သား၊ ခြေထောက်က ခြေထောက်ချင်း ပွတ်သီးပွတ်သပ် ကယုကယင် နေပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
အဲဒီ့ကမှ အရှိန်လေး တော်တော်ရပြီဆိုရင်တော့ နှုတ်ခမ်းကို နေရာ ရှေ့လို့ ရပါပြီ။ သည်နေရာမှာ ပစ်မှတ်က ချိုလုံးတွေ ဖြစ်ပေမယ့် အဲဒါကိုလည်း အလောတကြီး မဟုတ်ဘဲ သိုင်းသိုင်းဝိုင်းဝိုင်း ဖွဲ့ဖွဲ့နွဲ့နွဲ့လေး လုပ်ပေးတတ်ဖို့ လိုပြန်ပါတယ်။ လုပ်တတ်ရင် အမျိုးသမီးဘက်က အတော့်ကို အဆင်သင့်ဖြစ်လာပါပြီ။
ပါးစပ်က နေရာရွေ့သွားတော့ လက်က အားနေတယ်၊ ဘာလုပ်ရမလဲလို့ မေးရင် အဖြေရှိပါတယ်။ လက်က ဗိုက်သား၊ ဆီးခုံ၊ ပေါင်၊ ဒူး စတာတွေကို ညင်သာစွာ ထိတွေ့ပေးနေနိုင်ပါတယ်။ သည်မှာလည်း ဦးတည်ချက်က ယောနိဖြစ်ပေမယ့် ရင်သားမှာတုန်းကလိုပဲ အမျိုးသမီးက အလိုချင် အတောင့်တဆုံး အခြေအနေ ဖြစ်လာတဲ့အထိ ရစ်သီ ရစ်သီနဲ့ အရစ်ရှည်နိုင်လေ အကျိုးရှိလေပါ။ တကယ်လို့ အဲဒီ့နေရာကို လက်နဲ့ မဟုတ်ဘဲ ပါးစပ်နဲ့ပဲ စခန်းသွားလိုသေးတယ်ဆိုရင်လည်း လက်က ယောနိကလွဲလို့ ခါးအောက်ပိုင်း ကျန်တဲ့ နေရာအနှံ့ကို ထိတွေ့ထားနိုင်ပါတယ်။
ပါးစပ်နဲ့ ထိတွေ့ဖို့ ကြံရင်လည်း ချက်ချင်း တန်းမသွားသင့်သေးဘူး။ အမျိုးသမီး သိပ်လိုချင်လာအောင် ရစ်သီရစ်သီ လုပ်ပေးဖို့ လိုတယ်ခင်ဗျ။
ဒါဟာ အပျိုးကာလပါပဲ။ အတွေ့အကြံု နည်းသူ အမျိုးသမီးများအတွက် အဲဒီ့ အပျိုးကာလဟာ နာရီဝက် ၄၅ မိနစ်လောက် အချိန်ယူဖို့ လိုပါတယ်။ အိမ်ထောင်သက် ရင့်နေတယ်ဆိုရင်တောင်မှ အပျိုးကို အဖျင်းဆုံး မိနစ် ၂၀ လောက် အချိန်ယူရပါမယ်။ ကြာလေ၊ အချိန်ဆွဲနိုင်လေ၊ အမျိုးသမီးအတွက် အရှိန်တက်လေပါ။
အဲလို အရှိန်တက်လာတဲ့အခါမှာတော့ အမျိုးသမီးဟာ မသိမသာလေး နွေးလာပါလိမ့်မယ်။ စိတ်ဆန္ဒတွေ တက်ကွလာပါလိမ့်မယ်။ သူ့ကိုယ်ခန္ဒာက သွေးတွေကလည်း ယောနိနဲ့ ယောနိထိပ်က အကြောဆိုင် အဖုအထုံး (အစေ့လေး)ဆီကို တိုးနေပါပြီ။ သည်အချိန်မှာ ယောနိအတွင်းပိုင်းနံရံကလည်း တဖြည်းဖြည်းနဲ့ ခွေးသီးခွေးပေါက်များကျသလို စိမ့်ရာက နစ်လာပါတော့မယ်။ သည်အချိန်မှာမှ လိင်ဆက်ဆံမှု လုပ်ရတော့မှာပါ။
အဲလိုနဲ့ အာရုံက ဆင့်ကာ ဆင့်ကာ နိုးလာတဲ့အခါမှာတော့ သွေးက တင်ပါးဆုံရိုးတဝိုက်မှာ ဆက်ပြီး တိုးနေပါတယ်။ အသက်ရှူလည်း ပြင်းလာတယ်။ နှလုံးခုန်နှုန်းလည်း တက်လာပါပြီ။ ယောနိရဲ့ အတွင်းပိုင်းကလဲ ငယ်ပါကို ဆုပ်ညှစ်ဖို့အတွက် ကျဥ်းသွားသလို အပြင်ပိုင်းကကျပြန်တော့ ငယ်ပါကို ကြိုဆိုဖို့အတွက် ကျယ်လာပါတယ်။
အားလုံး အဆင်ပြေနေပြီ၊ အနှောင့်အယှက် ကင်းနေပြီ၊ ဖုန်းလည်း ထမမြည်ဘူး၊ ကိုယ့်ခင်ပွန်းကလည်း အခြေအနေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ လိင်အင်္ဂါတွေ၊ တင်ပါးဆုံတွေ၊ တင်ပါးတွေ၊ ဆီးခုံတွေနဲ့ ပေါင်တွေဆီက အာရုံကြောများနဲ့ ကွက်သားများဟာ တဖြည်းဖြည်း တင်းသထက် တင်းလာပါတော့မယ်။ တင်းရင်းတင်းရင်းကနေ ဟာခနဲ ဖြစ်သွားပြီး သာယာမှုအပေါင်း ခညောင်းစွာ အားလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရပါမယ်။ အဲဒါ ပြီးတာပါပဲ။
အဲသလို ပြီးလိုက်ချိန်မှာ သားအိမ်၊ ယောနိနဲ့ စအိုတို့က ၀.၈ စက္ကန့်မှာ တစ်ကြိမ်နှုန်းလောက်နဲ့ ကြံု့ကြံု့သွားပါလိမ့်မယ်။ သိပ် ပြင်းပြင်းထန်ထန် ပြီးတာ မဟုတ်ဘဲ တော်ရုံပြီးတာဆိုရင် အဲလို ကြံု့တာက သုံးကြိမ်မှ ငါးကြိမ်လောက်သာ ဖြစ်ပါတယ်။ တကယ့်ကို အပြင်းထန်ဆုံး ပြီးတယ်ဆိုရင်တော့ ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ဖြစ်တတ်ပါတယ်။ အဲဒါမှ ပြီးတာ အစစ်ပါ။
အဲလို ပြီးခြင်းဟာ အစေ့ကို တိုက်ရိုက် လှုံ့ဆော်လို့သော်လည်းကောင်း၊ ယောနိကို လှုံ့ဆော်လို့သော်လည်းကောင်း၊ နှစ်ခုလုံး ပေါင်းရုံးထားတဲ့ အပေါ်မှာသော်လည်းကောင်း မူတည်နေတတ်သလို အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။
တချို့အမျိုးသမီးတွေကျတော့ ပြီးချိန်မှာ တခြားကိုယ်ခန္ဒာအစိတ်အပိုင်းတွေ ဖြစ်တဲ့ ခြေဖျားတွေပါ ကုပ်သွားတတ်သလို မျက်နှာမှာလည်း မဲ့ရှုံ့သွားတတ်တယ်။ တချို့ကျတော့ ထူးဆန်းတဲ့ အသံတွေနဲ့ ညည်းညူတယ်။ အများစုကတော့ ရုတ်တရက် နာကျင်သွားသလို မျက်နှာထားမျိုးနဲ့ ဖြစ်သွားတတ်ပါတယ်။ အမှန်တော့ နာကျင်တာ မဟုတ်ပါဘူး။
နယ်သာလန်နိုင်ငံ တက္ကသိုလ်တစ်ခုရဲ့ နောက်ဆုံးတွေ့ရှိချက်အရဆိုရင်တော့ သည်အချိန်မှာ အမျိုးသမီးတွေရဲ့ ဦးနှောက်ထဲက ကြောက်ရွံ့မှုနဲ့ ခံစားမှုများကို ထိန်းချုပ်နေတဲ့ အစိတ်အပိုင်းတွေ ရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။ ရုတ်တရက် သတိလက်လွတ် ဖြစ်သွားတယ်ပေါ့။
သိပ်သေချာတဲ့ အချက်တစ်ချက်က အမျိုးသမီးအများစုအတွက်က အစေ့ကို မပြတ် လှုံ့ဆော် မပေးနိုင်ဘူးဆိုရင် ပြီးဖို့ အင်မတန် ခဲယဥ်းတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါ့ကြောင့် အမျိုးသမီးတွေ လိင်ဆက်ဆံရင်းနဲ့ ပြီးချင်ရင်၊ ပြီးစေချင်ရင် အမျိုးသမီးက အပေါ်ကနေတဲ့ ကိုယ်နေဟန်ထားက အသင့်တော်ဆုံးပါပဲ။ ဒါမှ သူ့ကိစ္စအတွက် သူ့ဘာသာ လိုသလို ချိန်ညှိလို့ ရနိုင်သလို အစေ့နဲ့ အမျိုးသားရဲ့ ငယ်ပါအရင်း ဆီးခုံအောက်နားက အသားနဲ့ မပြတ်ထိတွေ့အောင်လည်း ကြံဆောင်နိုင်ပါလိမ့်မယ်။
သည်လောက်ဆိုရင် အမျိုးသမီး ပြီးတယ်ဆိုတာနဲ့ ပတ်သက်လို့ လိုတာထက် ပိုပြီး အတော်လေး ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်ခဲ့ပြီလို့ ယူဆပါတယ်။
စာကွင်း – တကယ် သည်ကိစ္စတွေကို လေ့လာ သိရှိထားတဲ့ ယောက်ျားဆိုရင် ကိုယ့်ဇနီးကိုယ် “ပြီးလား”လို့ မေးစရာ မလိုပါဘူး။ မမေးဘဲ သိနိုင်ပါတယ်။ မေးပြီဆိုကတည်းက အဲဒီ့ယောက်ျားသားဟာ အပြာစာအုပ်တွေ၊ အပြာရုပ်ရှင်တွေရဲ့ သွန်သင်မှု အလွဲအမှားတွေကိုသာ နှလုံးသွင်းထားလေတဲ့ “ငတုံး”လို့သာ မှတ်ကြပါခင်ဗျား။