knowledge

ဖိုမ ဆက်ဆံစဥ် အမျိုးသမီးများ အထွဋ်အထိပ်အရသာ ခံစားမှုကို ဘယ်လိုရနိုင်မလဲ…

ဖိုမ ဆက်ဆံစဥ် အမျိုးသမီးများ အထွဋ်အထိပ်အရသာ ခံစားမှုကို ဘယ်လိုရနိုင်မလဲ…
ယနေ့ခေတ်၏ တွေ့ကြံုရ အများဆုံးသော လူတိုင်း၏ ဆန္ဒသည် ချစ်မှုရေးရာတွင် ကောင်းမွန်သော ဖိုမ ဆက်ဆံမှု တစ်ရပ်အတွက် စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်း မရှိသောကြောင့် ကျေနပ် သင့်သလောက် မကျေနပ်ရသည်များကို တွေ့ကြံုနေကြရသည်။ ကျေနပ်မှု အမြင့်ဆုံးအဆင့် (အထွဋ်အထိပ်) အရသာသို့ ရောက်ရှိခြင်းသည် အလိုအလျောက် ရောက်ရှိလာရခြင်းမျိုး မဟုတ်ဘဲ ပျိုးယူမှသာ ရနိုင်သည့် ကျေနပ်မှု အရသာ ကောင်းမျိုး ဖြစ်သည်။
အမျိုးသမီးများ အနေဖြင့် သာမန် ကျေနပ်နှစ်သိမ့်မှုဖြင့် ကျန်ရစ်နိုင်ခဲ့သည့် တိုင်အောင် သူမ၏ လိင်ဆက်ဆံဖေါ် အနေဖြင့် ကျေနပ်မှု ရချင်မှလည်း ရနိုင်ပေမည်။ အဘယ်ကြောင့် ဆိုသော် သူမအနေဖြင့် လိင်ဆက်ဆံမှု၏ အရသာထူးကို အပြည့်အဝ ခံစားတတ်သော အပြုအမူ မရှိခြင်းသည် တစ်ဖက် အမျိုးသား အတွက် စိတ်အနှောင့်အယှုက် ဖြစ်စရာ ဖြစ်သည်။ (ခံစားမှု ကောင်းနေပါက ကောင်းနေသည့် အပြုအမူမျိုး မရှိခြင်း မရှိဘဲ သစ်တုံးတစ်တုံးကဲ့သို့ ပြုမူနေခြင်းကို ဆိုလိုသည်။)
ဖိုမ ဆက်ဆံရေးသည် လူသားတိုင်း အတွက် နှစ်သိမ့် ကျေနပ်မှုကို အပေးနိုင်ဆုံးသော အရာဖြစ်ပြီး အလုပ်တစ်ခုကဲ့သို့ ပြီးလွယ် စီးလွယ်နှင့် ဖြစ်မြောက် လောက်ရုံ ဆောင်ရွက်သင့်သော ကိစ္စမျိုး မဟုတ်ပေ။ မိမိတို့၏ ချစ်ဖေါ် နှင့် ဆက်ဆံကြသော အမျိုးသမီး အများစုသည် တစ်ကြိမ်မှ အထွဋ်အထိပ် မရောက်ဖူးသူများ ရှိသလို အလွန်နည်းပါးသော စိတ်ကျေနပ်မှုသာ ရခြင်းများလဲ ရှိတတ်ကြသည်။ ထိုရလဒ်များ၏ အဖြေသည် စိတ်အနှောင့်အယှုက် ဖြစ်စေခြင်းသို့ ပြောင်းလည် ဦးတည် သွားတတ်ပြီး ကာမ၏ အရသာကို နှစ်သက် ခံစားတတ်ခြင်းလည်း လျော့နည်း သွားတတ်ပေသည်။
အမျိုးသမီးများ၏ လိင်ဆက်ဆံမှု အပေါ် နှစ်သက်ကြပုံမှာ တစ်ဦးနှင့် တစ်ဦးမတူဘဲ ကွဲပြားနေခြင်းကလည်း ပြဿနာ တစ်ခုဖြစ်သည်။ တစ်ချို့မှာ ချစ်မှုရေးရာကို ပွင့်လင်းစွာ ခံစားတတ်ကြပြီး တစ်ချို့မှာ မပွင့်တစ်ပွင့်နှင့် အလိုမကျမှုများကိုသာ ဖေါ်ပြ လိုတတ်ကြသည်။ ထိုသို့ ဖြစ်ပျက်ခြင်း၏ အခြေခံ အကြောင်းအရာမှာ မိဘများ အနေဖြင့် သမီးပျိုများကို ကိုယ်ဝန်ရရှိသွားမည် စိုးရိမ်သောကြောင့် အလွန်အကျုံ ဖိနှိပ်ချူပ်ချယ်မှုများ ရှိခဲ့ခြင်း ကလည်း တစ်ကြောင်း အဖြစ် ပါဝင်သည်။
ချူပ်ချယ်မှုများဖြင့် ကြီးထွားလာကြသော မိန်းမပျိုများသည် လိင်ဆက်ဆံဖေါ် တစ်ဦးှနှင့် ရင်ဆိုင်ကြံုတွေ့ လာရပါက ဘယ်က စ၍ ဘာကို လုပ်ရမှန်း မသိတော့ဘဲ အရှက်သည်း မှုများကြောင့် လိုရင်း မရောက်သည်များ ဖြစ်လာရသည်။ အထွဋ်အထိပ် အတွေ့အကြံု မရှိဖူးသော အမျိုးသမီးများသည် သူမတို့ ကိုယ်တိုင်၏ ကျေနပ် နှစ်သိမ့်မှုကိုလည်း မရှာဖွေတတ်ကြသလို လိင်ဆက်ဆံဖေါ်၏ ကျေနပ်နှစ်သိမ့်မှု အတွက်လည်း မည်သို့ မည်ပုံ ပ့ပိုးရမည်ကို နားလည် တတ်သိမှု မရှိကြချေ။
လိင်မှု ကိစ္စ ဆိုသည်မှာ တစ်ဦးတည်း ပြီးမြောက် ပျော်ရှင်၍ ရသော ကိစ္စမျိုး မဟုတ်ဘဲ ပူးပေါင်း ပါဝင်မှု ရှိမှသာ ကောင်းမွန်သည့် ခံစားချက်မျိုး ရှိလာမည့် ကိစ္စမျိုး ဖြစ်သည်။ လိင်ဆက်ဆံသည့် သူများ အနေဖြင့် ဆက်ဆံနိုင်သည့် အသက်အရွယ် ခန္ဓာကိုယ် အနေအထားရှိပြီ ဆိုပါက မိမိကိုယ်ကိုယ် မိမိ မည်သည့် ကာမ အင်္ဂါများကို လှုံ့ဆော် နှိုးဆွပါက ပိုမိုထိရောက်မှု ရှိသည်ကို သိရှိထားရန် မိမိကိုယ်မိမိ အသိပေးထားရန် လိုအပ်သည်။
ထိုကဲ့သို့ အသိပေးခြင်းသည် မှားယွင်းသော လှုံ့ဆော်မှုမျိုး မဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ ကုသသူများပင်လျင် ဆေးညွန်း တစ်ခုအဖြစ် အသုံးပြုနေသော အခြေခံ အချက်တစ်ခု ဖြစ်သည်။ အမျိုးသမီး၏ ယောနိ အင်္ဂါတစ်ခုလုံးကို နှိုးဆွခြင်းသည်သာ လိင်စိတ်ထကွ စေသည်မဟုတ်ဘဲ လွန်းပုံသဏ္ဍန်ရှိသော အင်္ဂါ၏ ထိပ် (အစေ့) ကလေးကို အနည်းငယ် နှိုးဆွရုံမျပင် ခံန္ဓာကိုယ် အတွင်းပိုင်းမှ အာရုံကြောများ နှိုးကွလာခြင်း၏ အထွဋ်အထိပ် အရသာကို ခံစား ရရှိနိုင်ပေသည်။ ထိုကဲ့သို့ နှိုးကွမှုသည် တစ်မြေ့မြေ့နှင့် အရိုင်းဆန်သော အသွင်သို့ ကူးပြောင်းသွားပြီး ကျေနပ်မှု ပြည့်ဝ သွားပါက ငြိမ်သက်မှုနှင့် ပြေလျော့သော ခံစားမှုများကို ရရှိနိုင်သည်။
အချို့သော အမျိုးသမီးများသည် မိမိကိုယ်တိုင် စိတ်အာသာ ဖြေလျော့ခြင်းများကို လေ့လာ နားလည် ထားကြပြီး အထူးသဖြင့် ဆယ်ကျော်သက် များတွင် ပိုမိုနားလည် လွယ်ကြသည်။ ထိုသို့ ကိုယ်တိုင် စိတ်ဆန္ဒဖြေဖျောက်သော အလေ့အကျင့် ရှိသူများသည် လိင်ဆက်ဆံဖေါ်မှ ထိုကဲ့သို့ နှိုးဆွပေးသော အခါမျိုးတွင် အပြည့်အဝ မကျေနပ် ကြသူများလည်း ရှိကြသည်။ ထိုသို့ နှိုးဆွမှုသည် တုန်ရင်သော ခံစားမှုကို အဓိက ခံစားရလေ့ရှိကြောင်း အထက်တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
မိမိကိုယ်တိုင် လုပ်ဆောင် ခံစားနိုင်သော ထိုသို့ နှိုးဆွမှုမျိုးကို အခြားသူ တစ်ဦးဦး၏ အကူအညီဖြင့်လည်း ရယူလိုစိတ် မရှိကြတော့ပေ။ ထို့ကြောင့် တစ်ဦးတည်းက ဦးဆောင်၍ နှိုးဆွခြင်းမျိုးကို ပြုမူခြင်းထက် ကာမ ဆက်ဆံဖေါ် နှစ်ဦးစလုံးက အပြန်အလှန် ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှိုးဆွခြင်းသည်သာ အထိရောက်ဆုံး ဖြစ်သည်။ ထိုသို့ နှိုးဆွရာတွင် ခရမ် သို့မဟုတ် အဆီတစ်မျိုးမျိုးကို သုတ်လိမ်းပြီး တစ်ဦးနှင့် တစ်ဦး ပွတ်နယ်ပေးခြင်းကို စုံတွဲ အတော်များများ နှစ်သက်ကြသည်။
နှိုးဆွမှုမှ အခြေအနေ တစ်ခုသို့ ရောက်ရှိပြီ ဆိုပါလျင် လိင်ဆက်ဆံနိုင်သော ခန္တာကိုယ် အစိတ်အပိုင်းများကို ပိုမိုထိတွေ့ ပွတ်သတ်ပေးခြင်းဖြင့် နှစ်ဦးစလုံး၏ စိတ်ကျေနပ် နှစ်သိမ့်မှုကို ရယူရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ယခုခေတ်၏ အမျိုးသမီးများ တစ်ကိုယ်ရေ ဖျော်ဖြေမှုတွင် အသုံးပြုသည့် ကျားအင်္ဂါအတု (Vibrator) သည် အလွန်ခြားနားသော ကာမ တုန့်ပြန်မှုများကို ပေးလေ့ရှိသည်။
ကျားအင်္ဂါအတု၏ ပုံစံပြုလုပ်မှုတွင် လျပ်စီးလမ်းကြောင်းတစ်ခုဖြင့် စီမံထားသော သွားပွတ်တံ အငယ်ကလေး တစ်ခုကဲ့သို့ ရာဘာသားဖြင့် အမျိုးသမီး၏ အထွဋ်အထိပ်ရောက်နိုင်သော အင်္ဂါအစေ့လေး ထိပ်နှင့် တစ်ထပ်တည်း ကျနေစေရန် ဖန်တီးထားပြီး ထိုစက်ကို အသုံးပြုနေချိန် ကာလ တစ်လျောက်တွင် ဖေါ်မပြနိုင်သော ကျေနပ်မှုများဖြင့် စခန်းသွား နေရမည်ဖြစ်သည်။ အချို့သော အမျိုးသမီးများသည် တစ်ကိုယ်ရေ ဖျော်ဖြေမှုကို လိင်အင်္ဂါအတု၏ အကူအညီဖြင့် အလွန်အကွံ ခံစားထားပါက လိင်ဆက်ဆံချိန်တွင် အလားတူ ကျေနပ်နှစ်သိမ့်မှုမျိုး ရရှိနိုင်တော့မည် မဟုတ်ဘဲ အားမလို အားမရ ဖြစ်သွားတတ်သည်။
လိင်ဆက်ဆံသူတိုင်း၏ ပြိီးပြည့်စုံသော ပျော်ရှင်မှုမှာ နှစ်ဦးစလုံး အပြန်အလှန် ကြင်နာမှုဖြင့် စတင်ခဲ့ပြီး ဆုံးခန်းတိုင် အထွဋ်အထိပ် အရသာကို ရှေ့ဆင့် နောက်ဆင့် အတူတကွ ခံစားရရှိခြင်းကို တွေ့ကြံုရမှသာ လိင်မှုဆက်ဆံရေး၏ အနှစ်အရသာကို ခံစားကြရမည် ဖြစ်သည်။ အမျိုးသားများ အနေဖြင့် မိမိ၏ နှိုးဆွမှုသည် အမျိုးသမီးအပေါ် အရာမထင် ဖြစ်နေပါက ထိုအခြေအနေသည် အရေးတစ်ကြီး ပြဿနာ တစ်ခုမဟုတ်ဘဲ အခြားသော အဆင်ပြေနိုင်မည့် နှိုးဆွမှု ပုံသဏ္ဍတစ်မျိုးကို ထိုအချိန်တွင် ပြောင်းလဲ စမ်းသပ်ကြည့်နိုင်သည်။
လိင်ဆက်ဆံမှုတွင် အမျိုးသားများ အနေဖြင့် အမျိုးသမီး၏ ပါဝင်လာလိုစိတ် နှိုးဆွခြင်းသည် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အမျိုးသားများ အနေဖြင့် မည်သည့် အခြေအနေတွင် အမျိုးသမီးများ အထွဋ်အထိပ် အနေအထားကို ရောက်ရှိသည် ဆိုသည်ကိုလည်း တတ်သိ နားလည်ထားရန် လိုအပ်သည်။ ထိုကဲ့သို့ နားလည်ထားမှသာ သူမ၏ ကွက်သားများကို အထိအခိုက်မရှိဘဲ လိုတိုး ပိုလျော့ ဆက်ဆံမှု ပုံသဏ္ဍန်သို့ လမ်းကြောင်း ပြောင်းပေးနိုင်မည် ဖြစ်သည်။ ဥပမာ အားဖြင့် သူမ၏ နောက်ကြောများ ကွေးညွတ်လာပြီး ဦးခေါင်း အနောက် လန်သွားသည့် အချိန်သည် သူမ၏ အထွဋ်အထိပ် ခံစားမှု အမြင့်ဆုံး ရောက်ရှိရန် အကောင်းဆုံး အခြေအနေ ဖြစ်သည်။ သူမ၏ ကျေနပ်မှုကို အလိုက်သင့် ပုံစံဖြင့် ထိန်းပေးထားနိုင်ပါက သူမသည် ပြီးပြည့်စုံသော အကောင်းဆုံးသော ကာမ ဆက်ဆံမှု ရရှိစေမည် ဖြစ်သည်။
အမျိုးသမီးများအနေဖြင့် လိင်မှုကိစ္စ ဆက်ဆံတိုင်းတွင် စိတ်ကျေနပ်မှု အပြည့်အဝေ ရရှိခြင်းမှာ တစ်ဆင့်ပြီး တစ်ဆင့်သာ ဖြစ်လေ့ရှိပြီး အကြိမ်တိုင်း ဖြစ်လေ့ မရှိချေ။ အချို့သော စုံတွဲများသည် ၄င်းတို့နှင့် သင့်တော်မည့် လိင်ဆက်ဆံမှု ပုံစံများကို မကြာခဏ ဆိုသလို ပြောင်းလဲ ဆက်ဆံခြင်းဖြင့် ကျေနပ်မှု ရရှိရန် ကြိုးစားလေ့ ရှိကြသည်။ လိင်မဆက်ဆံမှီ အရက် အလွန်အကွံသောက်သုံး ခြင်းသည် အမျိုးသမီး၏ ယောနိအင်္ဂါမှ ထွက်သော အရည် ခြောက်ခမ်းမှုကို ဖြစ်စေပြီး လိင်အင်္ဂါများသို့ သွေးပို့လှတ်သော ပမာဏကိုလည်း လျော့နည်းစေသည်။ ထိုသို့ နည်းပါးခြင်းက အမျိုးသမီး၏ လိင်ဆက်ဆံချိန် ကာလတွင် နာကျင်ခြင်းများကို ဖြစ်ပေါ် စေသည်။
အမျိုးသမီးများတွင် အထွဋ်အထိပ် ရရှိချိန် နည်းပါးသော အခြား အကြောင်းပြချက်များ အဖြစ် ကလေး မွေးဖွါးပြီး ကာစ သို့မဟုတ် ရာသီသွေး ဆင်းပြီးကာစ အချိန်များတွင် ဖြစ်လေ့ရှိသည်။ စိတ်ကျရောဂါ ခံစားနေရချိန်တွင်လည်း ကာမ ဆက်ဆံခြင်းများကို လိုလားနှစ်သက်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။ အခြား အကြောင်းတစ်ခုမှာ ဆိုးရွားသော လိင်ဆက်ဆံဖေါ်နှင့် ကြံုတွေ့ခဲ့ဖူးသည့် အမျိုးသမီးများတွင်လည်း အထွဋ်အထိပ် အရသာကို ခံစားနိုင်ခြင်း နည်းပါးကြသည်။