knowledge

အချိန်အကြာကြီး ဇိမ်ခံပြီး လင်မယားအတူနေရင် မိန်းမများရဲ့အင်္ဂါ ဘာထူးခြားလာမလဲ

မအင်္ဂါကျဉ်းကျပ်လာတာနှင့် ပတ်သက်လို့ ကောလဟာလတွေ အများကြီးရှိပါတယ်။ အဲဒီထဲက တစ်ခုကို ပြောပြပါ့မယ်။ ဒီမေးခွန်းဟာ ယောကျာ်း၊ မိန်းမ နှစ်ဘက်လုံး တကယ်ခေါင်းစားတဲ့မေးခွန်းပါ။ ကာမမဆက်ဆံရင် မအင်္ဂါကျဉ်းကျပ်လာတယ် ဒါမှမဟုတ် သေးငယ်လာတယ်လို့ ယောကျင်္ားနှင့် မိန်းမနှစ်ဘက်လုံး ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ဒီမေးခွန်းကို ကျွန်ုပ်တို့မဖြေခင် မအင်္ဂါနှင့်ပတ် သက်လို့ တချို့အမှန်တရားတွေကို သိထားဖို့လိုပါတယ်။ သင်ရဲ့မအင်္ဂါထဲရှိ ကြွက်သားတွေဟာ သဘာဝအတိုင်း ဆန့်နိုင် ကျုံ့နိုင်တဲ့ သတ္တိ ရှိတယ်ဆိုတာ မှတ်သားပါ။ ယောကျ်ားအင်္ဂါ ယောနိအတွင်းသို့ ထည့်သွင်းလိုက်တာနှင့် ဆန့်နိုင် ကျံု့နိုင်မှုကို ပျက်ပြယ်ပြီး မအင်္ဂါ အမြဲတန်း ကျယ်နေတာမျိုးမဟုတ်ပါဘူး။ ကညာအမြှေးပြားပေါက်သွားတဲ့အခါ မအင်္ဂါကျဉ်းလာပြီး အချစ်ရည်လူးနေတဲ့အခါ လိင်စိတ် လှုံ့ဆော်မှုတွေရှိတာကြောင်း အနည်းငယ်ကျယ်နေပြီးတော့ ကိစ္စပြီးသွားတာနဲ့ နဂိုအတိုင်းပြန်ဖြစ်သွားပါတယ်။ ပုံမှန်အားဖြင့် မအင်္ဂါရှိကြွက်သားတွေ ဒီအတိုင်းအလုပ်လုပ်ကြပါတယ်။ ဒါပေမဲ့ ၂ နှစ် ဆက်တိုက် ကာမဆက်ဆံရင်တော့ မအင်္ဂါကို အတိုင်းအတာတစ်ခုထိ ကျယ်စေတယ်လို့ လိင်စိတ်ကျန်းမာရေးသမားတော် နှင့် ကာမဆေးပညာဆိုင်ရာပါရဂူ ဒေါက်တာ Dr Vijaysarathi Ramanthan က ပြောကြားထားပါတယ်။ ဒါပေမဲ့ တခဏဆက်ဆံမိလို့ ကျယ်သွားတာမျိုးမဟုတ်ပါ။
ဒါပေမဲ့ ၂ နှစ် ဆက်တိုက် ကာမဆက်ဆံရင်တော့ မအင်္ဂါကို အတိုင်းအတာတစ်ခုထိ ကျယ်စေတယ်လို့ လိင်စိတ်ကျန်းမာရေးသမားတော် နှင့် ကာမဆေးပညာဆိုင်ရာပါရဂူ ဒေါက်တာ Dr Vijaysarathi Ramanthan က ပြောကြားထားပါတယ်။ ဒါပေမဲ့ တခဏဆက်ဆံမိလို့ ကျယ်သွားတာမျိုးမဟုတ်ပါ။
ကာမဆက်ဆံမှုနှင့် မအင်္ဂါ
အထက်မှာပြောထားတဲ့အတိုင်း ၂ နှစ်ကျော် ပုံမှန်ကာမဆက်ဆံလာရင်တော့ မအင်္ဂါကို အနည်းငယ်ကျယ်လာစေပါတယ်။ ဒါပေမဲ့ မအင်္ဂါကြွက်သားတွေကို နဂိုအတိုင်းဆက်လက်ထိန်းသိမ်းဖို့ တင်ပဆုံကြွက်သားတွေကို တင်းကျပ်စေတဲ့ kegel လေ့ကျင့်ခန်းတွေလုပ်ပြီး ထိန်းသိမ်းနိုင်ပါတယ်။ ဒါပေမဲ့ kegel ကလည်း အတိုင်းအတာတစ်ခုထိသာ အထောက်အကူပြုတယ်ဆိုတာ မှတ်ထားပါ။ လူတစ်ယောက်နဲ့တစ်ယောက် မတူညီသလို မအင်္ဂါတွေလည်းမတူညီကြပါဘူး။ ဒါကြောင်း kegel လေ့ကျင့်ခန်းက မအင်္ဂါကျဉ်းကျပ် လာအောင် ဘာလောက်ထိအထောက်အကူပြုတယ် ဒါမှမဟုတ် ကာမဆက်ဆံမှုက ဆန့်နိုင်ကျံု့နိုင်မှုကို ဘယ်လောက်ထိသက်ရောက် စေတယ်ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ အချိန်အကြာကြီး ကာမ မဆက်ဆံရင်လည်း သင့်ရဲ့မအင်္ဂါ ရုတ်တရက်ကျဉ်းကျပ်လာမှာ မဟုတ်ပါဘူး။ တကယ်တော့ ယောကျ်ားအင်္ဂါ ထည့်တဲ့အခါ အခက်အခဲနဲ့ ရင်ဆိုင်တွေ့ကြံုရပါက မအင်္ဂါအရည်ထွက်မှု မရှိခြင်း ဒါမှမဟုတ် စိုးရိမ်စိတ် စတဲ့ လက္ခဏာနှစ်ရပ်ဘဲ ဖြစ်ပါ လိမ့်မယ်။ မအင်္ဂါအရည်ထွက်မှု မရှိပါက ကာမဆက်ဆံချိန်နာကျင်ရမှာဖြစ်ပြီး (ခန္ဓာကိုယ်စွမ်းဆောင်မှု ဒါမှမဟုတ် တခြားလိင်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုကြောင့်ဖြစ်တဲ့) စိုးရိမ်စိတ်ဟာ မအင်္ဂါကို ကျဉ်းကျပ်စေပြီး ကျားအင်္ဂါ ထည့်သွင်းမှုကို အခက်ဖြစ်စေပါတယ်။ ကာမမဆက်ဆံတာကြာရင် မအင်္ဂါကျဉ်းကျပ်စေတယ်ဆိုတဲ့ အတွေးမှားတွေကို ဒီလိုဖြစ်ရပ်မျိုးတွေက ဖြစ်ပေါ်စေပါတယ်။ ဒီအတွက် အဖြေကတော့ ကာမမဆက်ဆံမီ တစ်ယောက်နဲ့တစ်ယောက် မြူဆွယ်ပေးပါ။ အဲလိုမြူဆွယ်ပေးတဲ့အတွက် အရည်တွေကျလာမှာ ဖြစ်ပြီး ကျားအင်္ဂါထည့်သွင်းရတာ လွယ်ကူပါလိမ့်မယ်။ အမျိုးသမီးများဟာ ကာမမဆက်ဆံဘဲနေစဉ်မှာ မိမိဘာသာဖြေဖျော်မပေးပါက မအင်္ဂါခြောက်ကပ်ပြီး အချစ်ရည်လူးတဲ့အခါ အဆင်မပြေ ဖြစ်ပါလိမ့်မယ်။ အကောင်းဆုံနည်းလမ်းကတော့ ချောဆီသုံးပြီး ဒီလိုမျိုးအခြေအနေတွေကို ကျော်ဖြတ်လိုက်ပါ။
Ref:.thehealthsite