knowledge

လင်မယား ဆက်ဆံ ရာမှာ ပါးစပ်ကို အသုံး ပြု ခြင်း

Q: ကျန်တော် သိချင် တာလေး ရှိလို့ မေး ပါရစေ ဆရာ။ Oral Practice and STDs ဆက်ဆံ ရာမှာ ပါးစပ်ကို သုံးရင် ရနိုင်တဲ့ ကူးစက် ရောဂါတွေ အကြောင်း သိချင် လို့ပါ။

လိင် ဆက်ဆံ ရာမှာ ပါးစပ်ကို သုံးလို့လဲ လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေ ရနိုင်တယ်။

(၁) HIV
လိင်က တဆင့် ကူးစက် ရောဂါ ရဘို့ နှိုင်းယှဥ် ရင် အန္တရာယ် နည်းတယ်။ ဗဂျိုင်းနားနဲ့ စအိုလမ်း တွေထက် နည်းတယ်။ ကူးစက် ဘို့ မဖြစ် နိုင် တာ တော့ မဟုတ်ပါ။ Latex လေး တက်စ် ကွန်ဒွမ်၊ Polyurethane ပေါ်လီယူရီသိန်း ကွန်ဒွမ်၊ အမျိုး သမီး သုံး ကွန်ဒွမ် တွေ ကနေ ကူး စက် ဘို့ အခွင့် အလမ်း ကို ထိထိ ရောက် ရောက် ကာကွယ် နိုင်တယ်။ ပြုလုပ် ပေးသူရဲ့ ပါးစပ် နေရာမှာ ပြတ်ရှတာ၊ အနာ အဆာ ရှိတာ ဆိုရင် ပိုပြီး ကူးစက် လာ စေနိုင်တယ်။ သုက်ရည် ကို ပါးစပ်ထဲ ထည့် ရင်လဲ အတူတူ ဘဲ။ သွား ရောဂါ အတွက် ခွဲစိတ် ထားရ ရင်လဲ ဖြစ်နိုင် တယ်။ တခြား လိင် က တဆင့် ကူးစက် ရောဂါ တွေလဲ အတူတူဘဲ။ အဓိက ကတော့ ပြုလုပ် ပေးသူ ဖြစ်တယ်။

(၂) Herpes ရေယုံ
Genital herpes လိင် လမ်း ရေယုံကို ဖြစ်စေ တာက HSV-2 နဲ့ ပါးစပ် – နှုပ်ခမ်း ရေယုံကို ဖြစ်စေ တာက HSV-1 ဗိုင်းရပ်စ် အမျိုး အစား မတူ ကြပါ။ ဒါပေမဲ့ ၂ မျိုးလုံး ဟာ ပါးစပ်ကို ဆက်ဆံ ရာမှာ သုံးလို့ နေရာ ၂ ခုလုံး ကို ကူးစက် လာနိုင်တယ်။ ရေယုံ ဟာ မျက်စိနဲ့ မမြင်ရ ဘဲလဲ ရှိနေနိုင် တာကို သတိပြု ရပါမယ်။ ကာကွယ်တဲ့ အနေနဲ့ Zovirax (acyclovir) ဆေး သုံးရင် အခွင့် အလမ်းကို နည်းစေ ပေမဲ့ ရာခိုင်နှုန်း ပြည့် မဟုတ်ပါ။ ကွမ်ဒွမ် က နေလဲ အပြည့် အဝ မကာကွယ် နိုင်ပါ။ အရေပြား ကနေ အရေပြား ကို ကူးစက် နိုင်လို့ ဖြစ်ပါတယ်။

(၃) HPV ကွက်နို့
ကူးစက် နိုင်တယ်။ ခံတွင်း ကင်ဆာနဲ့ လည်ချောင်း ကင်ဆာ တွေကိုလဲ ဒီဗိုင်းရပ်စ် ကနေ ဆက်ဖြစ် လာနိိုင် တာကို သတိပြု ရပါမယ်။ HPV ပိုးဟာ ပိုးရှိ မိခင် ကနေ မွေးလာမဲ့ ကလေး ကိုလဲ မွေးဖွါး ဖြစ်စဥ် အတွင်းမှာ ကူးစက် နိုင်တယ်။ ကွန်ဒွမ်နဲ့ Dental dams သွား တပ် စရာတွေ ကနေ ကူး စက်မဲ့ အခွင့် အလမ်းကို နည်းစေ နိုင်တယ်။ ဒါလဲ ရာနှုန်းပြည့် မဟုတ်ပါ။

(၄) Gonorrhea ဂနိုးရီးယား
ကနေ့ ကာလမှာ လူငယ် လူရွယ်တွေ လည်ချောင်း နာလို့ လာရင် ဂနိုးရီးယား ပိုးကြောင် ဖြစ်နေ သူတွေ တိုး လာတယ်။ ကုသ ရလဲ အတော် ခက်ခဲ လှတယ်။ ဆက်ဆံ သူနှစ်ဦးမှာ အပြန် အလှန် ကူးစေတယ်။ ကွန်ဒွမ်နဲ့ Dental dams သွားတပ် စရာတွေ ကနေ ကူးစက်မဲ့ အခွင့် အလမ်း ကို ကောင်း ကောင်း ကာကွယ် နိုင်တယ်။

(၅) Chlamydia ကလာမိုင်းဒီးယား
ပြုလုပ် ပေးသူ ကိုရော အပြု ခံသူ ကိုပါ ကူးစေ နိုင်တယ်။

(၆) Syphilis ဆစ်ဖလစ်
အလွန် ကူးစက် နိုင်တယ်။ အမေရီး ကားမှာ ဆစ်ဖလစ် ဖြစ်သူ တွေရဲ့ ၁၅% ဟာ ပါးစပ် သုံးရာ ကနေ ကူးတာ ဖြစ်တယ်။ ရောဂါ လက္ခဏာ တွေ ရှိနေချိန် (အဆင့် ၁ + ၂) မှာ ကူးစက်တယ်။ သတိပြု ဘို့က မနာတဲ့ အနာ ဖြစ်လို့ ရောဂါ ရှိနေ တာကို မသိဘဲ နေတတ်တယ်။ VDRL သွေး စစ် မှ သာ ပိုးရှိ – မရှိ သိတယ်။

(၇) Hepatitis B ဘီပိုး
သုတေသန တွေ လုပ်ပေမဲ့ အချုပ်ပြောဘို့ မသေခြာ သေးပါ။ Oral-anal contact (ပါးစပ်+စအို) လမ်း ကနေ ဆိုရင်တော့ Hepatitis A ကူး စက် မှာ သေချာတယ်။ Hepatitis B အတွက် လဲ မကူးဘူး လို့ ပြော မရပါ။ (အေ) ရော (ဘီ) ရောကို ကာကွယ် ဆေး ထိုးထား နိုင်ပါတယ်။

(၈) Yeast Infection မှိုပိုး
Fungal infection (ဖန်းဂတ်စ်) လို့လဲ ခေါ်တယ်။ မှိုပိုး တွေက လူတိုင်း လိုလိုမှာ ရှိနေ နိုင်တယ်။ နေရာ အများ အပြားမှာ နေနိုင်တယ်။ လိင် ဆက်ဆံ မှု ကနေ ကူးနိုင်တာ နှစ်နေရာ ရှိတယ်။ (၁) ပါးစပ်နဲ့ (၂) ဗဂျိုင်းနား ဖြစ်တယ်။ ပါးစပ်ထဲမှာ ပိုးရှိနေ ပေမဲ့ ဘာမှ မဖြစ် သလို နေနိုင်လို့ ပြော မရဘူး။ ဥပမာ ကလေးငယ် လေးတွေ ကို နို့တိုက်ရင် လျာမှာ ‘မှက်ခရု’ ဖြစ် တာက မိခင်နို့ ကနေ ကူးလာ တာ ဖြစ်တယ်။ အမျိုးသမီး တွေ ‘ဗဂျိုင်းနား’ ကနေ အဖြူဆင်း တာလဲ အတော် များများက Vaginal yeast infection မှို (ဖန်းဂတ်စ်) ကြောင့် ဖြစ်တယ်။ အဲတာလဲ ပိုးရှိ နေပေမဲ့ ဘာမှ မဖြစ် သလို နေ တတ်သေးတယ်။ အပျိုတွေ မှာလဲ ဖြစ်နိုင်တယ်။ ဗက်တီးယား သေဆေး သောက် တာ၊ ရာသီဥတု ပူအိုက် စွပ်စို တာ ကနေ ဖြစ် တတ်တယ်။ ဝတဲ့ သူတွေ၊ ဆီးချို ရှိသူတွေ၊ HIV ရှိသူ တွေနဲ့ သွေးဆုံး သူတွေမှာ ပိုဖြစ် တတ်တယ်။ ဒါပေမဲ့ ဆေးကု ရတာ မခက်ပါ။

Dr. တင့်ဆွေ